အမေဇုန်ဒေသမှာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဖို့ ကန်ဒေါ်လာ ၁၁၄,၀၀၀ လှူဒါန်းမယ့် ဂရီတာသွန်းဘတ်

24-7-2020-yyl-044.jpg

ရာသီဥတုအရေး တက်ကြွလှုပ်ရှားတဲ့ ဆယ်ကျော်သက် ဂရီတာသွန်းဘတ်ဟာ ဘရာဇီးနိုင်ငံရဲ့ အမေဇုန်သစ်တောဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်ဖို့ အမေရိကန်ဒေါ်လာ ၁၁၄၀၀၀ လှူဒါန်းသွားမှာဖြစ်ပါတယ်။ ဂရီတာသွန်းဘတ်ဟာ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားမှုကြောင့် ပေါ်တူဂီနိုင်ငံ Calouste Gulbenkian Foundation က ပထမဆုံးအကြိမ် ပေးအပ်တဲ့ Gulbenkian ဆု ဆွတ်ခူးခဲ့ပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁.၁၄ သန်း ရရှိခဲ့ပါတယ်။ ဆုကြေးငွေဟာ သူတွေးထားတက် ပမာဏထက် ပိုများလို့ ရရှိလာတဲ့ ဆုကြေးငွေတွေကို လှူဒါန်းသွားမယ်လို့ ဆုလက်ခံရယူချိန်မှာ ဂရီတာသွန်းဘတ်က ပြောခဲ့ပါတယ်။

သူဟာ မိုးသစ်တောတွေကို ကာကွယ်ပေးပြီး အမေဇုန်မိုးသစ်တောထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ပေးမယ့် SOS Amazônia အဖွဲ့အစည်းအတွက် အမေရိကန်ဒေါ်လာ ၁၁၄၀၀၀၊ သဘာဝပတ်ဝန်းကျင်ဖျက်ဆီးတာကို နိုင်ငံတကာရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်အောင် ရည်ရွယ်လုပ်ဆောင်နေတဲ့ Stop Ecocide Foundation အတွက် အမေရိကန်ဒေါ်လာ ၁၁၄၀၀၀ လှူဒါန်းသွားမှာဖြစ်ပါတယ်။ ဂရီတာသွန်းဘတ်ဟာ ကျန်ရှိတဲ့ ဆုကြေးငွေတွေကိုလည်း ရာသီဥတုပြဿနာ၊ ဂေဟစနစ်ပြဿနာတွေကြောင့် ထိခိုက်ရတဲ့ ရှေ့တန်းက လူတွေကို ကူညီနိုင်အောင် သူ့ရဲ့ဖောင်ဒေးရှင်းကနေ လှူဒါန်းသွားမယ်လို့ တွစ်တာကနေ ကြေညာခဲ့ပါတယ်။ ဂရီတာသွန်းဘတ်ဟာ နိုင်ငံပေါင်း ၄၆ နိုင်ငံကနေ ရွေးချယ်ထားတဲ့ ဆန်ခါတင် ၁၃၆ ယောက် စာရင်းထဲကနေ ဆုရခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top