စိတ်တိုနေတဲ့မျက်နှာအမူအရာလေးနဲ့ မွေးဖွားလာခဲ့တဲ့ကလေးလေး

1-6-2020-yyl-011.jpg

လူမှုကွန်ယက်မှာ လူပြောများခဲ့တဲ့ ထူးထူးခြားခြားမွေးဖွားလာခဲ့တဲ့ ကလေးလေးတစ်ယောက်ရှိပါတယ်။ ဝင်းတာဂျိုဆက်ဖင် ဆိုတဲ့ အဲဒီကလေးလေးက ဘာလို့လူပြောများလဲဆိုရင် သူမွေးဖွားလာတုန်းက စိတ်တိုနေတဲ့မျက်နှာအမူအရာလေးကြောင့်ဖြစ်ပါတယ်။ သူကို မြင်တဲ့သူတိုင်းက “သူက စိတ်တိုနေသလိုပဲ” လို့ ပြောကြပေမယ့် သူ့ရဲ့မျက်နှာအမူအရာလေးက လူတော်တော်များများကို ပြုံးရယ်စေနိုင်ပါတယ်။ ဝင်းတာလေးကို သူ့မိခင်က ခက်ခက်ခဲခဲမွေးဖွားခဲ့ရတာပါ။ သူ့မိခင် သူ့ကို ကိုယ်ဝန်ဆောင်ခဲ့စဉ်က ဘယ်လိုလဲဆိုတာကို ပြောပြချင်ပါတယ်။

ဝင်းတာရဲ့မိခင် ဟော်လီ ဝေါ်လစ်က သားအိမ်ခွဲစိပ်တာကို (၂) ကြိမ်ပြုလုပ်ခဲ့ရတာကြောင့် နောက်ထပ် ကိုယ်ဝန်ဆောင်ဖို့ မလွယ်ကူတော့ဘူးလို့ ထင်တဲ့အတွက် ကိုယ်ဝန်ရှိကြောင်း သိရတော့ မယုံကြည်နိုင်ဖြစ်ခဲ့ရတာပါ။ သူ့မှာ အရင်ခင်ပွန်းနဲ့ရတဲ့ သားလေး (၂)ယောက်ရှိပေမယ့် လက်ရှိခင်ပွန်းနဲ့ကျတော့ သားသမီးမရှိခဲ့ပါဘူး။ အစက ကိုယ်ဝန်ဆောင်နေတုန်း အဆင်ပြေခဲ့ပေမယ့် အက်ထရာဆောင်းရိုက်ဖို့ ဆရာဝန်ဆီသွားတဲ့အခါမှာ ဆရာဝန်က ရေမြွှာကို ရှာမတွေ့ခဲ့ပါဘူး။ ဒါက သန္ဓေသားကြီးထွားဖို့အတွက် အကာကွယ်ရေအိတ်ဖြစ်တဲ့အတွက် အရမ်းကို သောကများစေခဲ့ပါတယ်။

ဟော်လီက ကိုယ်ဝန်ဆောင်စဉ်မှာ ရေမြွှာအိတ်ပမာဏနည်းတဲ့အတွက် oligohydramnios ရောဂါကို ခံစားခဲ့ရပါတယ်။ ဒုတိယမြောက် အက်ထရာဆောင်းရိုက်တော့ ကလေးကို ကျန်းကျန်းမာမာနဲ့တွေ့တော့ ဟော်လီ စိတ်သက်သာရာရခဲ့ပါတယ်။ ဆေးရုံတက်ဖို့ တနင်္လာနေ့ကို ကြိုတင်ရက်ချိန်းယူထားခဲ့ပေမယ့် တနင်္ဂနွေမနက်ခင်းမှာတော့ တစ်ခုခုထွက်ကြတော့မလိုခံစားရတာကြောင့် ဆေးရုံအမြန်တင်ခဲ့ရပါတယ်။ အရေးပေါ်အခြေအနေဖြစ်တဲ့အတွက် ဟော်လီက ချက်ချင်းပဲ ခွဲစိပ်ကုသမှုခံယူခဲ့ရပါတယ်။ သူ့ခင်ပွန်းကိုတောင် ပြောဖို့အချိန်မရတော့ဘဲ ခွဲစိပ်ခန်းထဲမှာပဲ စာရွက်မှာ လက်မှတ်ထိုးပြီး ခွဲစိပ်မှုခံယူခဲ့ရတာပါ။ ဒီလိုမျိုးအတွေ့အကြုံကို ပထမဆုံးကြုံရတာဖြစ်တဲ့အတွက် သူ ဘယ်လောက်ကြောက်ခဲ့ရလဲဆိုတာ စိတ်ကူးတောင်မယဉ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဟော်လီရဲ့ ခင်ပွန်းက ခွဲစိပ်ခန်းအပြင်ဘက်မှာစောင့်ဆိုင်းရင်း ဟော်လီက ခွဲစိပ်ခန်းထဲမှာပဲ ကလေးလေး အဆင်ပြေဖို့ ဆုတောင်းနေခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဝင်းတာဂျိုဆက်ဖင်ကို အန္တရာယ်ကင်းကင်းနဲ့မွေးဖွားနိုင်ခဲ့ပါတယ်။ အချိန်စောပြီးမွေးခဲ့တဲ့အတွက် ဝင်းတာက အရမ်းသေးပေမယ့် ကျန်းကျန်းမာမာပါပဲ။ ဝင်းတာမွေးဖွားလာချင်းမှာပဲ မိဘတွေကို သူ သက်တောင့်သက်သာမရှိသလို စိတ်တိုနေတဲ့မျက်နှာအမူအရာနဲ့ စနှုတ်ဆက်ခဲ့ပါတယ်။

ရေမြွှာအရမ်းနည်းတဲ့ကလေးတွေက မွေးဖွားလာတဲ့အခါ မသန်စွမ်းဖြစ်နိုင်ခြေများပါတယ်။ တချို့ကလေးတွေက အသက်မရှင်ကြသလို တချို့ကတော့ အဆုတ်အားနည်းတာတွေခံစားရနိုင်ပါတယ်။ ဒါပေမဲ့ ဝင်းတာကတော့ မျက်နှာအမူအရာကခက်ထန်ပေမယ့် အသက်ရှင်နိုင်ခဲ့ပါတယ်။ ဝင်းတာ အမြဲတမ်းစိတ်အလိုမကျဖြစ်နေကတည်းက ဘယ်လိုဓာတ်ပုံရိုက်ရမလဲဆိုတာနဲ့ပတ်သက်ပြီး အကူအညီရဖို့အတွက် ဟော်လီက ဖေ့စ်ဘွတ်ခ်မှာ ဝင်းတာရဲ့ပုံတွေကို တင်ခဲ့ပါတယ်။ လူတော်တော်များများက သူတို့ရဲ့နေ့ရက်တွေကို တောက်ပစေခဲ့တာကြောင့် ဝင်းတာရဲ့ပုံတွေကို မြင်ရတဲ့အတွက် ကျေးဇူးတင်ခဲ့ကြပါတယ်။ သူ့ပုံတွေကို အင်စတာဂရမ်မှာလည်း တင်ထားပါတယ်။ ဝင်းတာရဲ့မျက်နှာအမူအရာက ဓာတ်ပုံရိုက်ရတာခက်ပေမယ့် လူတွေကို ပျော်ရွှင်မှု ဆက်လက်ပေးစွမ်းနေတာဖြစ်ပါတယ်။

Ref: A Baby Born With a Grumpy Face Expression Goes Viral

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top