ကိုရိုနာဗိုင်းရပ်စ် ရှိနေလျက် ကွင်းထဲလာခဲ့တဲ့ အတ္တလန္တာနည်းပြကို ဗလင်စီယာအသင်း ဝေဖန်

1-6-2020-yyl-010.jpg

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရချိန်မှာ ဘောလုံးကွင်းထဲလာခဲ့တဲ့ စီးရီးအေကလပ် အတ္တလန္တာအသင်းနည်းပြ ဂက်စ်ပါရီနီကို လာလီဂါကလပ် ဗလင်စီယာအသင်းက ဝေဖန်ခဲ့ပါတယ်။ La Gazzetta dello Sport သတင်းဌာနနဲ့ အင်တာဗျူးအစီအစဉ်မှာ ဂက်စ်ပါရီနီက ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မတိုင်ခင် တစ်ရက်အလိုမှာ အဖျားရောဂါခံစားခဲ့ရတယ်လို့ ဖြေဆိုခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အတ္တလန္တာနည်းပြ ဂက်စ်ပါရီနီကို ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးမှုမလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းစမ်းသပ်မှုတွေအရ ဂက်စ်ပါရီနီရဲ့ ခန္ဓာကိုယ်က ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ပဋိပစ္စည်းတွေ ထုတ်လုပ်နေတာ တွေ့ရှိခဲ့ပါတယ်။ ဒါဟာ ဗိုင်းရပ်စ်ကူးစက်ခံရတယ်ဆိုတာကို ဖော်ပြနေတာပါ။

ဗလင်စီယာနဲ့ အတ္တလန္တာတို့ ပွဲကစားချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ပျံ့နှံ့နေပြီဖြစ်လို့ အဲဒီပွဲစဉ်ကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဂက်စ်ပါရီနီရဲ့ လုပ်ရပ်က လူ့အသက်ပေါင်းများစွာကို အန္တရာယ်ဖြစ်စေတယ်လို့ ဗလင်စီယာအသင်းက ဝေဖန်ခဲ့ပါတယ်။ အဲဒီပွဲမှာ အတ္တလန္တာအသင်းက ၄-၃ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၈-၄ ဂိုးနဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top