ဘာကြောင့်လိင်စိတ်ခံယူမှုကွဲပြားကြရသလဲ

lesbian-couple-taking-a-selfie-B4CTQJL.jpg

လူတစ်ဦးနဲ့ တစ်ဦး မွေးရာပါ ဇီ၀ဖွဲ့စည်းပုံကွဲပြားခြားနားမှုကြောင့် မိမိတို့ရဲ့ စိတ်တွင်း စိတ်ပြင်ခံစားမှု၊ လက်ခံမှု၊ ရှု့မြင်မှု ခံယူမှုနဲ့ ခံစားမှုတွေ အလိုအလျှောက် ကွဲပြားခြားနားသွားကြပါတယ်။ မိမိဘေးက အပြင်လူ သူစိမ်း တွေနဲ့ မနှိုင်းယှဥ် နဲ့ ဦး တစ်အူစုံဆင်း သွေးသားရင်းချာ ညီအစ်ကိုမောင်နှမတွေ အချင်းချင်းတောင် စိတ်နေစိတ်ထား၊ ခံယူမှု နဲ့ ယုံကြည်မှုတွေ မတူကြဘူးဆိုတာ အထူးတ လည်ပြောဖို့မလိုပါဘူး။ ထို့နည်းတူပဲ လိင်စိတ်ခံယူမှု လို့ပြောလိုက်ရင် အားလုံး ချမှတ်ထားတဲ့ပုံစံခွက် (ကျား၊မ) ထဲမှာ ၀င်ဖို့ မဖြစ်နိုင်တော့ပါဘူး။ အကြောင်းမှာ တစ်ဦးတစ် ယောက်ချင်းစီရဲ့ မွေးရာပါ စိတ်ခံစားမှု ဖြစ်တည်လာမှု မတူခြင်းကြောင့်ဖြစ် တယ်။

ဒီနေရာမှာ sexuality လို့ခေါ်တဲ့ ဖိုမလက္ခဏာ ဟာ တစ်ဦးခြင်းစီရဲ့ အခြားလူအပေါ် လိင်စိတ်ဆန္ဒနဲ့ပတ်သက်ပြီး စိတ်ခံစားမှု၊ အတွေးအမြင်၊ ဆွဲဆောင်မှု နဲ့ ပြုမူလုပ် ဆောင်မှုတွေ အပေါ်မှာပဲမူတည်ပါတယ်။ မိမိတို့အနေနဲ့ အခြားသူအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ နဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ စတဲ့ ဆွဲဆောင်မှုများ ရှိနေခြင်းဟာ သင့်ရဲ့ ဖိုမ လက္ခဏာတွေ အပေါ်မှာပဲမူတည်ပါတယ်။ ဖိုမ လက္ခဏာ ဟာ အလွန်ပဲ ကွဲပြားပြီး ကိုယ်ရေးကိုယ်တာနဲ့သာ ပတ်သက်ပါတယ်။ မိမိတို့ရဲ့ ထို ဖိုမ လက္ခဏာကို စူးစမ်းရှာဖွေခြင်းဟာ စိတ်၀င်စားဖို့ကောင်းပြီး အပေါင်းလက္ခဏာဆောင်တဲ့ အ တွေ့အကြုံများကို လည်းပေးစေပါတယ်။ အခြားတစ်ဖက်မှာလည်း မိမိတို့ရဲ့ လိင်စိတ်ခံ ယူမှုကြောင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခံရနိုင်ပြီး ခွဲခြားဆက်ဆံမှုတွေ လည်းခံ ရနိုင်ပါတယ်။ ထို့အတွက်ကြောင့် မသိရှိသေးတဲ့ လူများကို ဗဟုသုတမျှ​ဝေပေးသင့်ပါတယ်။

ကွဲပြားသော လိင်စိတ် ခံယူမှုများ

တစ်ခါတစ်ရံ သင့်အတွက် ဘယ်လိုသော လိင်စိတ်ခံယူမူမျိုးက ပိုပြီးအံဝင်ခွင်ကျလဲဆိုတာကို သိရှိဖို့အတွက်အချိန်ကြာမြင့်ပါတယ်။ ဒါ့အပြင်သင့်ရဲ့ လိင်စိတ်ခံယူမှုက အချိန်ပြောင်းလဲလာသည်နှင့် ပြောင်းလဲမှုတွေ ဆက်လက်ဖြစ်ပေါ်နေတက်လို့ပါ။ ထိုအခါရှုပ်ထွေမှုများဖြစ်လာနိုင်ပါသည်။ သင့်အနေနဲ့ ထိုသို့သော စိတ်တွေဇဝေဇဝါဖြစ်နေပါကလည်း စိတ်ပူပင်စရာမလိုပါ။

သင့်အနေနဲ့ ယောင်္ကျားလေး (သို့) မိန်းကလေးအပေါ် စိတ်ပါ၀င်စားမှုရှိမယ်၊ တစ်ခါတစ်ရံ နှစ်မျိုးလုံးကို စိတ်ပါမယ်၊ ဒါပေမယ့် တစ်ခါတစ်ရံ တစ်ဦးကိုမှ စိတ်ပါ၀င်စား မှုမရှိဖြစ်နေတတ်မယ်။ ဒီနေရာမှာ မှားတယ်၊မှန်တယ်မရှိပါ။ သေချာတာကတော့ သင့်အတွက်ဘယ်အရာက ပိုပြီး စိတ်ခံစားချက်နဲ့ ထပ်တူဖြစ်စေမယ့် အရာကသာ လိုပါတယ်။ မတူကွဲပြား တဲ့ လိင်စိတ်ခံယူမှု ​ဝေါဟာရခေါင်းစဥ်တွေ ရှိနေပါစေ သင့်အတွက် ထိုခေါင်း စဥ်တစ်ခုခုအောက်မှာရှိနေဖို့၊ ဖြစ်နေဖို့မလိုအပ်ပါဘူး။

ဆန့်ကျင်ဘက်လိင်ကို စိတ်၀င်စားခြင်းနဲ့ လိင်တူစိတ်၀င်စားမှု

လူရာခိုင်နှုန်းအများစုကတော့ ဆန့်ကျင်ဘက်လိင်တွေကိုသာ စိတ်၀င်စားကြတယ်။ ဥပမာ ယောင်္ကျားလေးက မိန်းကလေးကိုစိတ်၀င်စားတယ်။ ဒါကြောင့် ဒီလူတွေကို ဆန့်ကျင်ဘက်လိင်စိတ်၀င်စားသူ ‘heterosexual’ (သို့) ကျား၊မ စိတ်ရင်းခံရှိသူ ‘straight’ လို့ဆိုကြတယ်။

လူအချို့ကတော့ လိင်တူ တွေကိုသာစိတ်၀င်စားကြလေ့ရှိတယ်။ ဒါကြောင့် သူတို့ကို လိင်တူခြင်းစိတ်၀င်စားသူ ‘homosexual’ လို့ဆိုကြပါတယ်။

အမျိုးသမီးခြင်းချစ်ခင်စုံမက်သူများကိုတော့ ‘lesbian’ လို့ခေါ်ပြီး အမျိုးသားချင်း ချစ်ခင်စုံမက်သူများကိုတော့ ‘gay’ လို့ခေါ်​ဝေါ်ကြပါတယ်။ သို့သော်လည်း ဒီ​ဝေါဟာရ အခေါ်အ​ဝေါ် ကို အမျိုးသမီးချင်း ချစ်ကြိုက်ကြတဲ့ အခါမှာလည်း သုံးပါတယ်။

လိင်တူလိင်ကွဲနှစ်မျိုးလုံး စိတ်၀င်စားမှု

တကယ်တော့ လိင်စိတ်ခံယူမှု၊ ခံစားမှုဟာ လိင်တူခြင်း၊ လိင်ကွဲခြင်း ချစ်ကြိုက်တာထက် အလွန်မှပင် ရှုပ်ထွေးလှပါတယ်။ အဘယ်ကြောင့်ဆိုသော် လူအချို့က လိင်တူလိင်ကွဲ နှစ်မျိုးလုံးကို စိတ်ပါ၀င်စားကြလို့ဖြစ်ပါတယ်။ သူတို့ကို ‘bisexual’ လို့ခေါ်​ဝေါ်ကြပါ တယ်။

လိင်နှစ်မျိုးလုံးကို စိတ်၀င်စားမှုလို့ပြောလိုက်ရင် လိင်တူနဲ့ လိင်ကွဲအပေါ် တစ်၀က်စီ (၅၀%) စိတ်ပါတာကို ဆိုလိုခြင်းမဟုတ်ပါ။ တချို့အခြေအနေမှာ လိင်တူ (သို့) လိင်ကွဲ အပေါ်ပိုပြီးစိတ်၀င်စားတတ်လေ့ရှိပါတယ်။ မိမိတို့ဆုံတွေ့သူအပေါ်မူတည်ပြီး အပြောင်း အလဲဖြစ်ပေါ်နိုင်ပါတယ်။

လိင်တူလိင်ကွဲနှစ်မျိုးလုံးကိုစိတ်၀င်စားမှု အမျိုးအစားကွဲပြားပါတယ်။ တစ်ချို့သော လူများအနေဖြင့် မည်သို့သော လိင်တူလိင်ကွဲနှစ်မျိုးလုံးကိုစိတ်၀င်စားပါစေ ယင်းတို့အ နေနဲ့ ကျား ၊မ စိတ်ရင်းရှိသူ ‘straight’ သို့မဟုတ် လိင်တူချင်းစိတ်၀င်စားသူ ‘gay’ လို့သတ် မှတ်ကြပါတယ်။ နောက်ပြီး လိင်နှစ်မျိုးလုံးကိုစိတ်၀င်စားပေမယ့် လိင်တူ (သို့) လိင်ကွဲ တစ်မျိုးဖြင့်သာ လိင်ဆက်ဆံမှု ပြုတတ်ကြပါတယ်။

လူအချို့အတွက် လိင်စိတ်ခံယူမှု၊ ခံစားမှုဟာ ​အဖြူအမည်းသဲကွဲမှုမရှိပဲ ဝေ၀ါးနေ တတ် ပါတယ်။ ဒါ့အပြင် အချို့လူများအတွက် လိင်စိတ်ခံယူမှု က အရေးမကြီးပဲ မည်သည့် လိင်စိတ်ခံယူသည်များနဲ့ မဆို စိတ်ပါ၀င်စားမှုရှိနိုင်ပါသေးသည်။ ထိုသူများကို ‘pansexual’ လို့ခေါ်ပါတယ်။ ဆက်လက်ပြီး နေ့စဥ်နဲ့အမျှ လိင်စိတ်ခံယူမှုပြောင်း လဲနေသူများကို လည်း ‘queer’ လို့ခေါ်ပါသေး တယ်။ ထို့ကြောင့် လိင်တူ လိင် ကွဲ နှစ် မျိုး လုံး စိတ်၀င်စားတဲ့ လူများတွင်လည်း ကွဲပြားခြားနားမှုများ ရှိနေပါတယ်။

ဆက်လက်ပြီး လိင်စိတ်ခံယူမှု ကွဲပြားနေသူများ အားလုံးကိုခြုံခေါ်တဲ့ ​ဝေါ်ဟာရကတော့ LGBT (Lesbian အမျိုးသမီးချင်းချစ်ခင်စုံမက်သူ၊ Gay အမျိုးသားခြင်းချစ်ခင်စုံမက်သူ, Bisexual လိင်တူလိင်ကွဲနှစ်မျိုးလုံးကို ချစ်ခင်စုံမက်သူ, Transgender လိင်ပြောင်း ထားသူ (သို့) အ၀တ်အစားပြောင်းလဲ၀တ်ဆင်သူ) ဖြစ်ပါတယ်။

လိင်မှုကိစ္စကင်းရှင်းမှု (လိင်စိတ်မရှိမှု)

လိင်စိတ်မရှိသူ များသည် ပုံမှန်အားဖြင့် လိင်စိတ်မရှိသောကြောင့် လိင်ဆက်ဆံခြင်း မပြုလုပ်ဖူးခြင်း (သို့) အလွန်အနည်းငယ်သော အတွေ့အကြုံရှိသူများကို ဆိုလိုပါတယ်။ လိင်စိတ်မရှိမှုဟာ ရွေးချယ်မှုမဟုတ်ပါ။ ထိုသူတို့အနေဖြင့် လုံး၀ လိင်စိတ်နိုးထမှု မရှိခြင်းကြောင့်ဖြစ်တယ်။ လိင်စိတ်မရှိခြင်းဟာလည်း လိင်စိတ်ခံယူမှု တစ်ခုပါပဲ။ လူအချို့အနေနဲ့ ယင်းတို့ဟာ လိင်စိတ်မရှိတဲ့ လူများဆိုပြီး မားမားမတ်မတ်ရပ် တည်နေနိုင်တယ်။ သို့သော် အချို့သောလူများအနေနဲ့ ချစ်ခင်စုံမက် ရတဲ့ လူများ တွေ့ရှိပါက လည်း လိင်စိတ်ခံစားမှုများရှိလာနိုင်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး အတိုင်းအ တာ ကွဲပြားနိုင်ပါတယ်။

လိင်စိတ်ခံယူမှု နဲ့ ခွဲခြားဆက်ဆံမှု

လူတိုင်းတန်းတူညီမျှမှု နဲ့ လွတ်လပ်မှုများ ကိုယ်စီရရှိသင့်ပါတယ်။ ဒေသအချို့နဲ့ နိုင်ငံ အချို့တွင် လိင်စိတ်ခံယူမှု ကွဲပြားခြင်းကြောင့် ခွဲခြားဆက်ဆံခံရမှုတွေဟာ တရားမ၀င် ပါဘူး။ သို့သော်လည်း ထိုသို့သော် ခွဲခြားဖိနှိပ်ဆက်ဆံခံရမှုတွေ အချိန်မရွေး ဖြစ်ပေါ်နိုင်ပါတယ်။ သင့်အနေနဲ့ ခွဲခြားဆက်ဆံခံရပါက သက်ဆိုင်ရာ ဌာန (သို့) အကူအညီပေးနေတဲ့ အဖွဲ့အစည်းများကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။ ဥပမာ မြန်မာနိုင်ငံအနေနဲ့ လိင်စိတ်ခံယူမှု ကွဲပြားတဲ့လူတွေအတွက် Equality Myanmar (ညီမျှခြင်းမြန်မာ) အဖွဲ့ က တတ်နိုင်သလောက် ကူညီပေးနေပါတယ်။

ဖိုမလက္ခဏာ နဲ့ စိတ်ကျန်းမာရေး

လိင်စိတ်ခံယူမှုကွဲပြားတဲ့သူတွေအနေနဲ့ သာမန်လူများထက် ပိုပြီးစိတ်ဖိစီးမှုများခြင်း၊ စိတ်ကျရောဂါရခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ မူးယစ်ဆေးဝါးအလွဲသုံးစားပြုလုပ်နိုင်ခြင်း၊ အိမ်ယာမဲ့ဖြစ်နိုင်ခြင်း နဲ့မိမိကိုယ်ကိုသေကြောင်းကြံမှုများ ပိုမိုဖြစ်ပွားနိုင်ပါတယ်။ ဒီလို အခြေနေတွေကိုတွန်းပို့စေတဲ့ အချက်တွေကတော့ ကျောင်းမှာ၊ အိမ်မှာ (သို့) နေရာတွေမှာအနိုင်ကျင့်ခံရမှုများရှိခြင်းနဲ့ ပစ်မှတ်ထားခံရမှုများ ရှိခြင်း ကြောင့်ဖြစ်ပါတယ်။

လိင်စိတ်ခံယူမှုကွဲပြားနေသူတွေအတွက် စိတ်ကျန်းမာရေး ပြဿနာဖြစ်စေနိုင်တဲ့ အရာ တွေကတော့

အများနဲ့ တန်းတူမဖြစ်ခြင်း (မတူညီမှုကိုခံစားရခြင်း)
ကိုယ်ဖြင့်၊ နှုတ်ဖြင့် အနိုင်ကျင့်ခံရခြင်း
လိင်စိတ်ခံယူမှု ကို ပြောင်းလဲဖို့ တွန်းအားပေးခံရခြင်း
မိမိရဲ့ လိင်စိတ်ခံယူမှုကို လူသိရှင်ကြား ထုတ်ဖော်ပြောပြဖို့ ကြောက်ရွံ့နေ တတ်ခြင်း နဲ့ ထို လက်မခံမှုများနဲ့ ပစ်ပယ်ခြင်းများအား ကြောက်ရွံ့နေ တတ်ခြင်း
ကူညီပံ့ပိုးပေးမှုများ မရှိခြင်း နဲ့ ထောက်ခံအားပေးမှုများမရှိခြင်း

ဒီလိုတွန်းအားပေးမှုတွေနဲ့ စိတ်ခံစားမှုတွေဟာ ကျောင်းတက်ခြင်း၊ အလုပ်ရှာခြင်း၊ ချစ်သူရည်းစား ထားခြင်း စတဲ့ ရေးရာကိစ္စတွေ ထက်ပိုပြီး အလွန် အခက်အခဲတွေ့စေတဲ့ အချက်တွေဖြစ်ပါတယ်။

လိင်စိတ်ခံယူမှုကွဲပြားမှုနဲ့ စိတ်ကျန်းမာရေး ရှိသူများအတွက် ကူညီပေးခြင်း

သင့်အနေနဲ့ သင်သိတဲ့လူတစ်ယောက်ယောက်မှာ စိတ်ကျန်းမာရေး ပြဿနာရှိနေပြီး သူတို့အတွက် သင်စိတ်ပူပင်နေပြီးဆိုရင် ထိုသူတို့ရဲ့ စိတ်နေစိတ်ထား၊ ခံစားမှု၊ အစား အသောက်၊ပေါင်းသင်းဆက်ဆံခြင်း၊ အိပ်စက်ခြင်း နဲ့ တွေးတောခြင်း ပြောင်းလဲ မှုတို့ကို မျက်ခြေမပြတ်သတိထားပါ။ သူတို့ မှာ ဒီလိုအခြေအနေတွေ ရက်သတ္တပတ် ကျော် လွန်လာခဲ့ရင် သူတို့ကို ချဥ်းကပ်ပြီး အကူအညီပေးပါ။ ဆရာ၀န်၊ စိတ်ကျန်းမာရေး အထူး ကု တို့နဲ့ တွေ့ဆုံခွင့်ပေးပါ။ ဖုန်းလိုင်းများရှိပါကလည်း သက်ဆိုင်ရာကို ခေါ်ဆိုပါ။

သင့်အနေနဲ့ လိင်စိတ်ခံယူမှုအပိုင်းမှာပြဿနာရှိနေရင်တော့…

သင့်အနေနဲ့ တစ်ယောက်တည်းကျိတ်မိတ်ပြီး မတတ်နိုင်တော့ပါက ခင်မင် ယုံ ကြည်ရတဲ့ လူတွေနဲ့ စကားပြော ရင်ဖွင့်ပါ။ ဥပမာ ဆရာ၀န်၊ မိတ်ဆွေများနဲ့ တိုင် ပင်ရတဲ့ လူများနဲ့ ဖွင့်ဟပြောပါ။ မိမိတို့ကို အနိုင်ကျင့်တဲ့ လူတွေနဲ့ အဖက်လုပ် စကားပြောပါနဲ့။ သင့်ရဲ့ လိင်စိတ်ခံယူမှု ကွဲကွဲပြားပြားသိဖို့ ဆန္ဒစောဖို့မလိုပါ။ အချိန်ယူပါ၊ ခေါင်းစဥ် ရှာပြီး တွန်းအားပေးမှုမလုပ်ပါနဲ့။ သင့်အနေနဲ့ မိမိကိုယ် လိင်တူချစ်သူ လို့သိထားပါကလည်း ထုတ်ဖော်ပြောဆိုဖို့ မလိုပါ။

မြန်မာနိုင်ငံလို အခြေနေမှာတော့ ကျား၊မ လက္ခဏာတွေနဲ့ သွေဖည်နေသူများကို လူတွေက အထိုက်အလျောက်တော့ လက်ခံလာကြပေမယ့် ခွဲခြားဆက်ဆံမှုနဲ့ဖိနှိပ်မှုများ ဆက်လက်ရှိနေဆဲပါ။ သင့်အနေနဲ့ လိင်စိတ်ခံယူကွဲပြားမှုကြောင့် ထိုသို့သော အနိုင်ကျင့်ခံရမှုများရှိပါက မြိုသိပ်မထားပဲ ချစ်ခင်ရတဲ့ လူတွေနဲ့ တိုင်ပင်ပါ။ ရင်ဖွင့်ပါ။ သင့်လို လိင်စိတ်ခံယူကွဲပြားသူများ အများအပြားရှိတယ်ဆိုတာကိုသတိရပါ။ သင်တစ်ယောက်တည်းမဟုတ်ပါ။ အားလုံးသိသင့်သည်မှာ လိင်စိတ်ခံယူမှုကွဲပြားမှုသည် ရွေးချယ်မှုမဟုတ်၊ စိတ်ရောဂါလည်းမဟုတ်၊ ကူးစက်ရောဂါလည်းမဟုတ်ဆိုတာသိထားသင့်ပါတယ်။ ဒါကြောင့်အားလုံးမတူကွဲပြားမှုတွေကို လက်ခံဖို့နဲ့ လေးစားပြီး တန်းတူညီမျှတဲ့ လူမှုအသိုင်းအဝိုင်းကို ဖော်ဆောင်ကြပါ။

Ref: Sexuality Explained (Victoria State Government)

TharHtoo ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top