၆၅ ရက်ကြာ နေရောင်မမြင်ရတဲ့မြို့

7-7-2022-08.jpg

အမေရိကန်နိုင်ငံရဲ့မြောက်ဘက်စွန်းမှာ ရှိတဲ့ ဘာရိုးမြို့ကို ကမ္ဘာထိပ်မြို့လို့လည်း ခေါ်ကြပါတယ်။ အာတိတ်စက်ဝိုင်းရဲ့အထက်မှာရှိလို့ နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလလယ်ကနေ ဇန်နဝါရီလလယ်အထိ ဝင်ရိုးစွန်းည(Polar Night)ဆိုတဲ့ ဖြစ်ရပ် ကြုံရလေ့ရှိပါတယ်။

နိုဝင်ဘာလလယ်မှာ နေဝင်သွားပြီးရင် ၆၅ ရက်ကြာ နေရောင် မမြင်ရတော့ပါဘူး။ ဇန်နဝါရီလလယ်ကျမှသာ နေရောင်ပြန်မြင်ရတာပါ။ ဒီဇင်ဘာလကနေ မတ်လကြားကာလအတွင်းမှာ ဘာရိုးမြို့ရဲ့ ပျမ်းမျှအပူချိန်က ရေခဲမှတ်အောက် ရောက်နေလေ့ရှိပါတယ်။

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top