ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတော့ ဗိသုကာဒီဇိုင်းတွေလည်း ပုံစံသစ်တွေ ရှာဖွေရတယ်။ ပုံစံသစ်တစ်မျိုးကတော့ ရေပေါ်မြို့တွေ ဆောက်ကြတာပါပဲ။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ရှေ့တန်းကနေ ရင်ဆိုင်နေရတဲ့ မော်လ်ဒိုက်ဗ်နိုင်ငံမှာလည်း ရေပေါ်မြို့ တည်ဆောက်နေပါပြီ။





နယ်သာလန်ဗိသုကာလုပ်ငန်းစု Waterstudio က ဒီဇိုင်းဆွဲထားတဲ့ ရေပေါ်မြို့မှာ နေအိမ်တွေ၊ စားသောက်ဆိုင်တွေ၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ စာသင်ကျောင်းတွေ ပါဝင်မှာပါ။ အဆောက်အအုံ ၅၀၀၀ ထည့်သွင်းမှာဖြစ်ပြီး လူ ၂၀၀၀၀ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

မြို့တော် မာလီကနေ လှေစီးသွားရင် ၁၀ မိနစ်ပဲ ကြာမြင့်မယ့် ရေကန်ကြီးထဲမှာ တည်ရှိမှာပါ။ ပို့ဆောင်ဆက်သွယ်ရေးအတွက် လှေတွေကို အဓိကအသုံးပြုရမှာဖြစ်ပြီး ကားစီးလို့တော့ မရပါဘူး။ စက်ဘီးနဲ့ လျှပ်စစ်ဘီးတွေကိုတော့ စီးလို့ရမှာပါ။
Ref:A floating city in the Maldives begins to take shape
NZ(ရိုးရာလေး)

