ကိုယ်ပိုင်အိမ်မရှိတဲ့ အမေရိကန် ဒု-သမ္မတဟောင်း မိုက်ပန့်စ်

28-1-2021-yyl-30.jpg

ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်တုန်းက အစိုးရပေးတဲ့အိမ်မှာ နေထိုင်ခဲ့တဲ့ မိုက်ပန့်စ်ဟာ တာဝန်သက်တမ်း ကုန်ဆုံးသွားချိန်မှာတော့ နေစရာ ကိုယ်ပိုင်အိမ်မရှိလို့ အခက်တွေ့နေပါတယ်။ အခုလောလောဆယ်မှာတော့ မိုက်ပန့်စ်နဲ့ ဇနီးသည် ကာရင်တို့ဟာ အင်ဒီယားနားပြည်နယ်အုပ်ချုပ်ရေးမှူး အဲရစ်ဟိုကုန်းရဲ့ နွေရာသီ အနားယူရာ သစ်လုံးအိမ်မှာ နေထိုင်လျက်ရှိပါတယ်။

မိုက်ပန့်စ်ဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အင်ဒီယားနားပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကလည်း ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကိုပဲ ပေးအပ်တဲ့အိမ်မှာ နေခဲ့ပြီး အဲဒီနောက်မှာတော့ ဒုတိယသမ္မတ ဖြစ်လာလို့ ဒုတိယသမ္မတနေအိမ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ သူဟာ ၂၀၁၃ ခုနှစ်ကနေ ဒီနေ့အချိန်အထိ ၈ နှစ်တာကာလအတွင်း ကိုယ်ပိုင်အိမ်မရှိခဲ့ပါဘူး။

မိုက်ပန့်စ်က ငွေကြေးမရှိလို့ ကိုယ်ပိုင်အိမ်မဝယ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒုတိယသမ္မတအဖြစ် ၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလအတွင်း တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၂၃၅၀၀၀ ကျော် ရရှိခဲ့ပါတယ်။ မိုက်ပန့်စ်ဟာ ဒုတိယသမ္မတတာဝန်ကုန်ဆုံးသွားပေမဲ့ လာမယ့် ၆ လအထိ အမေရိကန်လျှို့ဝှက်တပ်ဖွဲ့ရဲ့ စောင့်ရှောက်မှုရရှိမှာဖြစ်ပြီး ပင်စင်ခံစားခွင့်လည်း ရမှာပါ။

Ref: Business Insider ” Mike Pence, wife Karen reportedly homeless, couch-surfing in Indiana “

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top