စူပါမားကတ်ရဲ့ Clubcard ယူလာဖို့ ခဏခဏမေ့တတ်လို့ လက်မှာ တက်တူးအဖြစ် ထိုးထားခဲ့တဲ့ အမျိုးသား

28-7-2022-yyl01.jpg

Tesco စူပါမားကတ်ဆီ ခဏခဏလာဝယ်လေ့ရှိတဲ့ ဒိန်း မေဟူးဆိုသူ အမျိုးသားဟာ Tesco ရဲ့ Clubcard ကို ယူလာဖို့ မေ့မေ့နေတာကြောင့် သူ့ရဲ့လက်ကောက်ဝတ်မှာ Clubcard ရဲ့ QR Code ကို တက်တူးအဖြစ် ထိုးခဲ့ပါတယ်။ ဒိန်းက Clubcard ကို မေ့ပြီး မပါလာတဲ့အတွက် လျှော့ဈေးမရဘဲဖြစ်နေခဲ့တာပါ။ (Clubcard က Tesco ရဲ့အမာခံဈေးဝယ်သူတွေကို လျှော့ဈေးနဲ့ ဝယ်ယူနိုင်ဖို့အတွက် ထုတ်ပေးထားတဲ့ ကတ်တစ်ခုပါ)

အသက် ၃၀ အရွယ် ဒိန်းက A Star Tattoos ဆိုင်မှာ အဲဒီတက်တူးထိုးဖို့အတွက် ပေါင် ၂၀၀ ကုန်ကျခဲ့ပါတယ်။ ဒီတက်တူးကို ဇူလိုင်လ ၁၆ ရက်နေ့က ထိုးခဲ့တာပါ။ Clubcard မေ့ကျန်နေရတာကို စိတ်ကုန်လာလို့ အချိန်တိုင်း သူနဲ့အတူပါလာဖို့ အခုလိုတက်တူးအဖြစ် ထိုးဖို့ ဆုံးဖြတ်ဖြစ်ခဲ့တာပါ။

လက်မှာ တက်တူး QR Code ထိုးခဲ့တဲ့ ဒိန်း မေဟူး

တက်တူးဆရာ ဒန် ရိုဆက်တာက ရှုပ်ထွေးလှတဲ့ QR Code ကို တက်တူးအဖြစ် ပြန်လည်ဖန်တီးရတာကြောင့် တော်တော်လေးသတိထားပြီး ထိုးရပါတယ်။ တက်တူးထိုးပြီးသွားတဲ့နောက်မှာ တက်တူး QR Code က Scan ဖတ်လို့ရမရ သိရဖို့အတွက် အနီးနားက Tesco ကို သွားပြီး ကွတ်ကီးဝယ်ယူကာ စမ်းသပ်ကြည့်ခဲ့ပါတယ်။ အစပိုင်းမှာ ငွေရှင်းကောင်တာဝန်ထမ်းက ဒိန်းရဲ့တက်တူး QR Code ကို Scan ဖတ်တော့ လုပ်မရခဲ့ဘူး။ ထပ်မံကြိုးစားကြည့်တဲ့အခါမှာ Scan ဖတ်လို့ ရသွားခဲ့ပါတယ်။

Tesco Clubcard တက်တူး

ဒိန်းက ဒီတက်တူးထိုးဖို့အတွက် လတော်တော်ကြာ စဉ်းစားနေခဲ့တာပါ။ နောက်ဆုံးတော့ တက်တူးထိုးလိုက်ရတဲ့အတွက် ပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။ သူက တက်တူး QR Code ကို အချိန်တိုင်း သုံးဖြစ်တယ်။ မနက်တိုင်း အလုပ်မသွားခင် Tesco ကို သွားတဲ့အခါ သုံးတယ်။ တချို့လူတွေက ဒီတက်တူး QR Codeကို သူ သုံးတာ မြင်တွေ့တော့ ရယ်မောခဲ့ကြတယ်။ အမျိုးသမီးတစ်ယောက်ကဆိုရင် ရယ်ပြီး ဓာတ်ပုံတစ်ပုံရိုက်ချင်တယ်လို့တောင် ဒိန်းကို ခွင့်တောင်းခဲ့ပါသေးတယ်။

Ref: TheMirror “Tesco shopper gets Clubcard tattooed on arm so he never misses a bargain”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top