စာနာစိတ်ထားတတ်ဖို့

6-7-2020-yyl-045.jpg

ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်က အလုပ်ကိစ္စတစ်ခုနဲ့ အိန္ဒိယနိုင်ငံ ဘုံဘေမြို့ကို ကျွန်တော် ခရီးထွက်ခဲ့ပါတယ်။ ဘွတ်ခ်ကင် (Booking) ယူထားတဲ့ ဟိုတယ်က နည်းနည်းလှမ်းတာကြောင့် တက္ကစီတစ်စီး ငှားစီးလာခဲ့ပါတယ်။

ဟိုတယ်ကိုသွားတဲ့လမ်းတစ်လျှောက်မှာ ကားလမ်းတွေ ပိတ်နေတာကြောင့် တဖြည်းဖြည်း တရွေ့ရွေ့နဲ့ပဲ လာခဲ့ရပါတယ်။

မီးပွိုင့်တစ်ခုအရောက် မီးနီမိနေတဲ့အချိန် ကားပြတင်းပေါက်ကနေ ကျွန်တော် ဘေးဘယ်ညာကို ကြည့်မိတဲ့အခါ အသက်(၁၂) ဝန်းကျင်လောက်ရှိပြီး အဝတ်အစား ခပ်နွမ်းနွမ်းနဲ့ ကောင်လေးတစ်ယောက္ကို ကျွန်တော် သတိထားမိလိုက်ပါတယ်။

ကောင်လေးက သူ့အိတ်ကပ်ထဲက ပေါင်မုန့်တစ်လုံးကို ထုတ်ယူလိုက်ပြီး တစ်ကိုက်ကိုက်နေပါတယ်။ နောက်ထပ်တစ်ကိုက်ကိုက်ဖို့ လုပ်လိုက်ချိန်မှာ ခွေးလေးတစ်ကောင်က အမြီးလေးလှုပ်ပြီး ကောင်လေးအနားကို ရောက်လာပါတယ်။ အဲဒီအခါ ကောင်လေးက သူစားမယ့် ပေါင်မုန့်လက်စကို မစားတော့ဘဲ ခွေးလေးကို ချကျွေးလိုက်ပါတယ်။ ခွေးလေးက ပေါင်မုန့်ကို နမ်းပြီး မစားဘဲ အဝေးကို ပြန်လှည့်ထွက်သွားပါတယ်။ ကောင်လေးက ခွေးလေးပြန်လှည့်လာပြီး မစားတော့ဘူးဆိုတာသေချာတဲ့အထိ ခဏစောင့်ကြည့်နေပါသေးတယ်။ ပြန်မလာတော့တာ သေချာတဲ့အခါမှာတော့ လမ်းမပေါ်မှ ချကျွေးထားတဲ့ ပေါင်မုန့်လေးကို သူက ပြန်ကောက်လိုက်ပြီး စားနေပါတယ်။

ဒီအဖြစ်အပျက်လေးကို တွေ့လိုက်ပြီးနောက်မှာတော့ ကျွန်တော့်ရဲ့ ရင်ထဲ ဟာတာတာကြီးဖြစ်သွားခဲ့ရပါတယ်။ လူဆင်းရဲပေမဲ့ ကိုယ်ချင်းစာစိတ် မဆင်းရဲတဲ့ ကောင်လေးရဲ့စိတ်ဓာတ်လေးကိုလည်း ချီးကျူးမိပါတယ်။ သူကိုယ်တိုင်ဆာလောင်နေပေမဲ့လည်း ခွေးလေးရောက်လာတဲ့အခါ တဒင်္ဂတောင် မတုံ့ဆိုင်းနေဘဲ စားလက်စပေါင်မုန့်ကို ချက်ချင်းချကျွေးလိုက်တဲ့ အဖြစ်အပျက်လေးကနေ ချစ်ခြင်းမေတ္တာ၊ အကြင်နာတရားနဲ့ ပတ်သတ်ပြီးမျှဝေပေးဖို့ လိုအပ်တဲ့အကြောင်း သင်ခန်းစာတစ်ခု ရလိုက်ပါတယ်။ ဘုရားဟောတရားထဲမှာပါရှိတဲ့အတိုင်း စွန့်ကြဲပေးကမ်းလှုဒါန်းခြင်းက မွန်မြတ်တဲ့ မင်္ဂလာတစ်ပါးပါပဲ။

ဒီအကြောင်းအရာလေးကို ဖတ်ပြီး ကျွန်တော်တို့ လူသားတွေလည်း လောဘ၊ ဒေါသ၊ မောဟမီးတွေကို တတ်နိင်သလောက် လျော့ချပြီး တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီတတ်တဲ့ စိတ်၊ စာနာတတ်တဲ့ စိတ်ထားတွေမွေးမြုပြီး တစ်ဦးပေါ်တစ်ဦး စေတနာမေတ္တာတရားနဲ့သာ ပြုမူဆက်ဆံကြမယ်ဆိုရင် ကျွန်တော်တို့ရဲ့လောကကြီးက အခုထက်ပိုပြီး အေးချမ်းလာမှာပါ…..။

Ref: “A Poor Boy And The Dog”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top