ခရီးအတူတူထွက်လို့မကောင်းတဲ့သူ (၅) မျိုး

37377562_211263433057521_4049700538567098368_n.jpg

လူတစ်ယောက်အကြောင်းကိုသိချင်ရင် သူနဲ့အတူတူ ခရီးထွက်ကြည့်ပါတဲ့လေ။ အဲဒီလိုခရီးထွက်ပါများလေ တစ်ယောက်အကြောင်း တစ်ယောက်ပိုသိလာပြီး စိတ်ချင်းရော၊ လူချင်းရော နီးစပ်လာကြလေပါ။

ခရီးသွားဖော်က ခရီးစဉ်တစ်လျှောက်လုံး ကိုယ်နဲ့အတူတစ်နေရာတည်းမှာ တည်းမယ်၊ စားသောက်ဆိုင်တစ်ခုတည်းမှာ တူတူစားကြမယ်၊ ဘားတစ်ခုထဲမှာ တူတူသောက်ကြမယ်၊ ပြီးတော့ ဘတ်စ်ကားတွေလည်းတူတူစီးကြမယ်။ နောက်ပြီး လက်မှတ်မှာတာကစလို့ ဆုံးဖြတ်ချက်သေးသေးလေးတွေအဆုံး အတူတူတိုင်ပင်ပြီး လုပ်ဆောင်ကြရပါတယ်။

အဲဒီလိုလုပ်ဆောင်နေရင်းကမှ သူတို့တွေရဲ့အကောင်းဆုံးအရာကဘာတွေလဲ။ ပြီးတော့ အဆိုးဆုံးအရာကဘာတွေလဲဆိုတာကိုပါ တဖြည်းဖြည်းသိရှိလာရပါတယ်။ ခရီးသွားခြင်းကနေပြီး ကိုယ့်ရဲ့ခရီးသွားဖေါ် ဒါမှမဟုတ်လည်း လက်တွဲဖော်ရဲ့ ပင်ကိုယ်စရိုက်၊ စိတ်ရင်းကို အလွယ်တကူသိရှိနိုင်ပါတယ်။

တစ်ခါတလေကျတော့လည်း ဒီလိုသိထားရတာကောင်းပါတယ်။ ဒါပေမဲ့လည်း အမြဲတမ်း တစ်ခုမဟုတ်တစ်ခု အကြောင်းရှာနေတတ်တဲ့ ပြဿနာကောင်တွေနဲ့ သွားမယ်ဆိုရင်တော့ ခရီးစဉ်က သင်မျှော်လင့်ထားတဲ့ အမှတ်တရကောင်းတွေ လုံးဝကျန်ခဲ့တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို အခုပြောပြပေးမယ့် ခရီးအတူမထွက်သင့်တဲ့လူ (၈) မျိုးထဲ သင့်အဖော်ကပါနေမယ်ဆို သူနဲ့ခရီးထွက်ဖို့လုပ်ထားတဲ့ အစီအစဉ်ကို နည်းနည်းလောက် ပြန်စဉ်းစားကြည့်လိုက်ပါဦး…။

၁။ ကပ်စေးနှဲ

လက်တွန့်တတ်သူနဲ့ ခရီးသွားရမယ့်အကြောင်း တွေးကြည့်လိုက်ပါဦး။ အမြဲတမ်းကိုယ်ကချည်း ပိုက်ဆံထုတ်ဖို့ ပါးစပ်ကထုတ်ပြောနေရမယ်ဆို အဆင်မပြေဘူးလေနော်။ သူက မရှက်တတ်ပေမဲ့ ပြောရပါများလာတဲ့ ကိုယ်ကတော့ မျက်နှာတွေပူလာတာပေါ့။ အဲဒီလိုလူမျိုးဆို ရှောင်နော်။

၂။ အမူးသမား

အသောက်သမားနဲ့ အမူးသမားမတူဘူးနော်။ ဖြစ်ဖြစ်မြောက်မြောက်မသောက်နိုင်ဘဲ တစ်ခွက်နှစ်ခွက်လောက်နဲ့ မှောက်သွားတတ်တဲ့သူမျိုးရှိတယ်လေ။ မူးပြီးရမ်းတာမျိုးလည်း ရှိတတ်တော့ ကိုယ်မသိတဲ့နေရာ၊ ကိုယ်နဲ့မရင်းနှီးတဲ့အရပ်မှာ အဲဒီအမူးသမားကိုထိန်းနေရတာကြောင့် ခရီးကြန့်ကြာသွားတာမျိုးဖြစ်တတ်ပါတယ်။

၃။ ဇီဇာကြောင်သူ

ပြဿနာကောင်လေးတွေပေါ့။ အဖွဲ့နဲ့လုပ်ရတဲ့ထဲ သူ့စိတ်ချည်းပဲဆို ဘယ်လိုလုပ်ပြီး အဆင်ပြေနိုင်တော့မှာလဲ။ သူတို့ဆိုတာက သွားစရာလာစရာရှိတယ်ဆို မနက်မိုးလင်း၊ အိပ်ယာထပြီးတာနဲ့ ဖိနပ်ဝတ်၊ အိတ်ထဲ ထည့်စရာရှိတာထည့်ပြီးလို့ (၁၀) မိနစ်လောက်ဆို အဆင်သင့်ဖြစ်ပြီလို့ ထင်တယ်မဟုတ်လား။ လုံးဝတလွဲပါ။ အိပ်ယာထ အဆင်သင့်ဖြစ်ပြီဆိုလို့ ကိုယ်ကအပြင်မှာစောင့်နေတာ (၁) နာရီလောက်ကြာတာတောင် အခန်းထဲက မထွက်လာတတ်တဲ့ သူတွေပါ။ အရစ်တစ်လိုင်းတွေပေါ့။

၄။ စိုးရိမ်တတ်သူ

ဟိုဟာလုပ်မယ်ဆိုလည်း စိုးရိမ်၊ ဒီဟာလုပ်မယ်ဆိုလည်း ဖြစ်ပါ့မလားနဲ့ အမြဲပူပန်နေတတ်သူတွေပါ။ အဲလိုတွေများလာတော့ သူ့ကြောင့်နဲ့ကိုယ်ပါစိတ်အနှောင့်အယှက်ဖြစ်ရတာပေါ့။ တကယ်တော့ ကိုယ်တည်းတဲ့မိုတယ်က ဆိုးနေလို့၊ စီးမယ့်ရထားလွတ်သွားလို့ ဆိုတာမျိုးတွေကိုလိုက်ပြီး စိတ်ပူနေစရာမလိုပါဘူး။ ကိုယ်သွားချင်လွန်းလို့ စီစဉ်ထားတဲ့ခရီးမို့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ခရီးစဉ်အဆင်ပြေအောင် ကြိုးစားကြရမှာပဲလေ။ လွဲလွဲလေးပဲ ကောင်းပါတယ်နော်။

၅။ အစားရွေးသူ

ဟိုအရွက်ကဘာဖြစ်လို့၊ အသားက ကယ်လိုရီဘယ်လောက်မို့၊ ဘယ်ရေကတော့ဖြစ် မသန့်လို့နဲ့ စစ်စစ်ပေါက်ပေါက် အပြစ်ရှာ ဂျေးများတတ်သူတွေနဲ့ ခရီးမသွားမိပါစေနဲ့။ နေရာဒေသအသစ်တစ်ခုကို ရောက်ရင်အဲနေရာရဲ့ အစားအသောက်တွေကိုလည်း အတူတူမျှဝေပြီး စားကြည့်ကြရမှာပဲလေ။ ဒါမှပြန်လာတဲ့အခါကျ ဘယ်မုန့်လေးကတော့ ဘယ်အရသာ၊ ဘယ်အသားကိုတော့ ဘယ်လိုလေးချက်ထားတာစသဖြင့် အချင်းချင်းလေပြန်ပေါလို့ရမှာပေါ့။ အဲဒီလိုမဟုတ်ရင်တော့ သွားခဲ့တဲ့ခရီးစဉ်က ပျင်းစရာတော်တော်ကောင်းနေမှာ သေချာပါတယ်။

နောက်ဆုံးအနေနဲ့ ဒီဆောင်းပါးလေးရဲ့ comment box မှာ သင့်ရဲ့ခရီးစဉ်အတွေ့အကြုံလေးတွေကို မျှဝေပေးသွားလို့ရပါတယ်။ အမှတ်တရကောင်းတွေပဲဖြစ်ဖြစ်၊ စားခဲ့ဖူးတဲ့ အစားအသောက်ကောင်းတွေအကြောင်းပဲဖြစ်ဖြစ်၊ နှစ်သက်ရာကို ဝေမျှပေးသွားကြပါဦးနော်။

Ref : newsrepublic “The eight worst types of people to travel with”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top