၂၀၁၉-၂၀၂၀ ရာသီမှာ ပေါင် ၁၆.၅ သန်းရခဲ့တဲ့ ခါဘီနာမာဂိုမီဒေါ့ဗ်

1-7-2020-yyl-026.jpg

ရုရှားသိုင်းပေါင်းစုံ ကစားသမား ခါဘီနာမာဂိုမီဒေါ့ဗ်ဟာ ၂၀၁၉-၂၀၂၀ ရာသီမှာ ဝင်ငွေပေါင် ၁၆.၅ သန်းရရှိခဲ့တယ်လို့ ဖို့ဘ်မဂ္ဂဇင်းက ဖော်ပြပါတယ်။ အသက် ၃၁ နှစ်ရှိတဲ့ ပွဲတိုင်းနိုင် သိုင်းပေါင်းစုံ ကစားသမား ခါဘီဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာလက UFC 242 ပြိုင်ပွဲကို အမေရိကန်သိုင်းပေါင်းစုံ ကစားသမား ဒက်စတင်ပွိုင်ရီရာကို အနိုင်ယူခဲ့ပြီးနောက်ပိုင်း တစ်ပွဲမျှ ထိုးသတ်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ ခါဘီဟာ အသက် ၄၀ အောက် ရုရှားအားကစား ဒါမှမဟုတ် ထင်ပေါ်ကျော်ကြားသူတွေထဲမှာ အအောင်မြင်ဆုံးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ခါဘီဟာ UFC ပွဲစဉ်တွေ၊ စပွန်ဆာစာချုပ်တွေ၊ ဟောပြောပွဲတွေကနေ ဝင်ငွေရရှိနေတာဖြစ်ပြီး ဟောပြောပွဲတစ်ပွဲအတွက် အမေရိကန်ဒေါ်လာ ၃၀၀၀၀၀ ရတယ်လို့ သူ့ရဲ့မန်နေဂျာ အဒယ်လာဇစ်က ပြောပါတယ်။ ခါဘီဟာ ဒက်စတင်ပွိုင်ရီရာကို အနိုင်ရခဲ့တဲ့ ချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ရရှိခဲ့တယ်လို့ သတင်းထွက်ခဲ့သူပါ။ ခါဘီဟာ ပြီးခဲ့တဲ့ဧပြီလက UFC-249 ပြိုင်ပွဲမှာ တိုနီဖာဂူဆန်နဲ့ ထိုးသတ်ဖို့ စီစဉ်ထားခဲ့ပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် ပွဲပျက်ခဲ့ရပါတယ်။ သူဟာ လာမယ့်စက်တင်ဘာလကျရင် လိုက်ဝိတ်ယာယီချန်ပီယံ ဂျက်စတင်ဂါသီနဲ့ ထိုးသတ်မယ်လို့ သတင်းထွက်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top