အလုပ်ပြုတ်ပြီး ဖခင်ကို ဆုံးရှုံးခဲ့ရတဲ့ မူကြိုကျောင်းဆရာ ခဲခြစ်ထီကနေ ကန်ဒေါ်လာ ၂၅၀,၀၀၀ ဆု ဆွတ်ခူး

24-12-2020-yyl43.jpg

ကိုဗစ်ကာလဟာ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးအတွက် မှောင်မိုက်၊ ခက်ခဲ၊ ကြမ်းတမ်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံ၊ မြောက်ကာရိုလိုင်းနားပြည်နယ်၊ ရှားလော့မြို့မှာနေထိုင်တဲ့ မူကြိုကျောင်းဆရာ ဂျိုးကမ့်ရဲ့အဖြစ်ကလည်း အများနည်းတူ ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ မူကြိုကျောင်းဆရာအဖြစ် ဆယ်စုနှစ် ၂ ခုကြာ ဆောင်ရွက်ခဲ့တဲ့ ဂျိုးကမ့်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ကိုဗစ်ကပ်ရောဂါကြောင့်ပဲ အလုပ်နားလိုက်ရပါတယ်။ နောက်တစ်လအကြာမှာ သူ့ရဲ့ဖခင် ကွယ်လွန်သွားခဲ့လို့ သူ့ဘဝတစ်ခုလုံး အမှောင်ကျသွားသလို ခံစားခဲ့ရပါတယ်။

သူ့မိသားစုဝင်တွေ၊ မိတ်ဆွေတွေက ဂျိုးကမ့်ကို ဝိုင်းဝန်းအားပေးနှစ်သိမ့်ခဲ့ရပါတယ်။ ဒါပေမဲ့ အမှောင်ရဲ့အဆုံးမှာ အလင်းရောင် တွေ့စမြဲပါပဲ။ သူ့ဘဝမှာ ဒီထက်ဆိုးရွားတဲ့ အဖြစ် မရှိတော့ဘူးလို့ စိတ်ဖြေခဲ့တဲ့ ဂျိုးကမ့်က ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ ထုံးစံအတိုင်း စတိုးဆိုင်ကိုသွားပြီး ခဲခြစ်ထီလက်မှတ် ၂ စောင်ဝယ်ခဲ့ပါတယ်။

ပထမတစ်စောင်ကို ခြစ်ကြည့်လိုက်တော့ ထီ မပေါက်ပါဘူး။ ဒုတိယအစောင်ကို ခြစ်ကြည့်လိုက်ချိန်မှာတော့ သူ့ခန္ဓာကိုယ်တစ်ခုလုံး လေထဲ မြောက်သွားသလို ခံစားလိုက်ရပါတယ်။ Gold Rush ခဲခြစ်ထီလက်မှတ်ကနေ အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ ပေါက်သွားလို့ပါ။

သူက ထီပေါက်တဲ့ပိုက်ဆံကို သူ့မိသားစုအတွက် အသုံးပြုဖို့ စီစဉ်နေပါပြီ။ အိမ်အသစ်ဝယ်ဖို့နဲ့ သူ့သမီး ပညာရေးအတွက် ငွေတချို့ သိမ်းထားပြီး သူချစ်ရတဲ့သူတွေကိုလည်း ငွေတချို့ ခွဲပေးမယ်လို့ ဂျိုးကမ့်က ပြောပါတယ်။

Ref: CNN ” A preschool teacher who was laid off after 20 years won a $250,000 lottery”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top