ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အရှိန်လျှော့မှာမဟုတ်ဘူးလို့ဆို

28-12-2020-yyl01.jpg

ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အရှိန်လျှော့ချမှာမဟုတ်တဲ့အတွက် ရောဂါကာကွယ်ရေး စည်းမျဥ်းစည်းကမ်းတွေကို ဆက်လက်လိုက်နာကြရမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ကိုဗစ်-၁၉ ဟာ ရာသီတုပ်ကွေးရောဂါလို ကူးစက်မှုပမာဏ၊ ကူးစက်မှုကာလ အတိုင်းအတာ အနည်းအများနဲ့ ရောဂါအပြင်း၊ အပျော့တို့သာ ကွာခြားပြီးတော့ ကမ္ဘာပေါ်မှာ နှစ်ပေါင်းများစွာ ဆက်လက်ကူးစက်ဖြစ်ပွား နေဦးမှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် ရောဂါကာကွယ်ဆေးတချို့ထွက်ပေါ်လာပေမယ့် အချိန်ကာလမည်မျှအထိ ရောဂါကာကွယ်နိုင်စွမ်း ရှိသည်ဆိုတာကို အခုအချိန်ထိ အတိအကျမပြောနိုင်သေးဘဲ ဆက်လက်လေ့လာပြီးမှသာ သိရှိနိုင်မယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အင်္ဂလန်နိုင်ငံ၊ အရှေ့တောင်ပိုင်းမှာလည်း ကူးစက်ပျံ့နှံ့မှု ပိုမိုမြန်ဆန်တဲ့ ဗီဇပြောင်းလဲမှုအသစ် ကိုဗစ်ပိုးကို တွေ့ရှိထားတဲ့အတွက် ကိုဗစ်ရောဂါကာကွယ်စည်းကမ်းတွေကို အခုထက်ပိုပြီး တိကျစွာလိုက်နာဖို့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အထူးသတိပေးထားပါတယ်။

မြန်မာနိုင်ငံမှာတော့ ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၁၂၀၀၀၀ ကျော်နဲ့ သေဆုံးလူနာ ၂၅၀၀ ကျော် ရှိနေပြီးတော့ နေ့စဥ◌်ထုတ်ပြန်တွေအရ ပျှမ်းမျှအားဖြင့် တစ်နေ့ကို ၁၀၀၀ ကျော်တွေ့ရှိနေရာကနေ အခုဆိုရင် ၁၀၀၀ အောက်ကို ကျဆင်းနေပြီဖြစ်ပါတယ်။

Photo – MOHS
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top