မြစ်တစ်စင်းကို ကယ်တင်ပေးခဲ့တဲ့ ဂေဟဖခင်ကြီး

25-11-2022yyl15.jpg

မိုင် ၁၀၀ လောက်ရှည်တဲ့ ကာလီဘိန်းမြစ်က စွန့်ပစ်အမှိုက်တွေကြောင့် တိမ်ကော ပျောက်ကွယ်လုမတတ်ဖြစ်နေပြီး ပန်ဂျပ်ပြည်သူတွေရဲ့ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်အရေးအတွက် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေချိန်မှာ သူရဲကောင်းတစ်ယောက် ပေါ်လာခဲ့တယ်။ သူ့ကို ဂေဟဖခင်ကြီးလို့ လူသိများတယ်။ သူဟာ ကောလိပ်မှာ ပညာသင်ခဲ့ဖူးတဲ့ ဂုရုတစ်ပါးပါ။

ကာလီဘန်းမြစ် ရှင်သန်နေဖို့ ဘယ်လောက်အထိ အရေးပါလဲဆိုတာကို သူက လူတွေ နားလည်လာအောင် ရှင်းလင်းဟောပြောပြီး လုပ်အားပေးမယ့်သူတွေကို စုစည်းနိုင်ခဲ့တယ်။ အဲဒီနောက်မှာတော့ အစိုးရရဲ့ အကူအညီမပါဘဲ ကာလီဘိန်းမြစ်ထဲက အမှိုက်တွေကို ရှင်းလင်းဖယ်ရှားကာ ကာလီဘိန်းမြစ်ကို ကယ်တင်ပေးနိုင်ခဲ့တာပါ။ အဲဒီအတွက် အိန္ဒိယသမ္မတက ချီးမြှင့်တဲ့ ပဒုမ္မာသီရိဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top