ကလေးတွေရဲ့ ကိုယ်ခံအားကောင်းစေဖို့ ဆောင်ရန်ရှောင်ရန်များ

immunity.jpg

ကိုဗစ်ကာကွယ်ဆေးတွေပေါ်လာပေမဲ့ ကိုဗစ်ရောဂါကြီးက ကျွန်တော်တို့လူသားတွေကို ခြိမ်းခြောက်နေတုန်းပါပဲ။ ကိုဗစ်ရောဂါကာကွယ်ဖို့အတွက် ကိုဗစ်ကာကွယ်ဆေးထိုးထားရုံနဲ့မလုံလောက်ပါဘူး။ ကိုယ်ခံအားကောင်းအောင်နေဖို့လည်း အရေးကြီးပါတယ်။ ကိုယ်ခံအားမကောင်းဘူးဆိုရင် ကိုဗစ်ကာကွယ်ဆေးထိုးထားလည်း ကိုဗစ်ရောဂါဝင်ရောက်လာနိုင်ပါတယ်။ ကလေးတွေကိုလည်း ကိုဗစ်ရောဂါက ခြိမ်းခြောက်နေတဲ့အတွက် ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကောင်းဖို့အတွက် မိဘတွေက ဂရုစိုက်ပေးရမှာဖြစ်ပါတယ်။ ကလေးတွေရဲ့ကိုယ်ခံအားကောင်းဖို့အတွက် အခြေခံနည်းလမ်းတွေထဲက တစ်ခုကတော့ ကျန်းမာရေးနဲ့ညီညွှတ်ပြီး အာဟာရပြည့်ဝတဲ့အစားအစာတွေကို ကျွေးပေးဖို့ပါပဲ။ ကလေးမိခင်တွေအတွက် ကလေးတွေရဲ့ကိုယ်ခံအားစနစ်ကောင်းဖို့ ဘာတွေဆောင်ပြီး ဘာတွေရှောင်ရမလဲဆိုတာ မျှဝေပေးလိုက်ရပါတယ်။

ဒေသထွက်အသီးအနှံတွေကို ကျွေးပါ

သင့်ကလေးရဲ့တစ်နေ့မှာအစားအစာမှာ ဒေသထွက်ရာသီစာအသီးအနှံပါဝင်ပါစေ။ ကလေးက သစ်သီးတစ်ခုလုံး ကုန်အောင်မစားနိုင်ဘူးဆိုရင်လည်း နည်းနည်းစားပေးရုံနဲ့ ခန္ဓာကိုယ်အတွင်းက ကောင်းတဲ့ဘတ်တီးရီးယားကြီးထွားမှုကို တိုးမြှင်ပေးပြီး ကိုယ်ခံအားစနစ်ကောင်းလာစေနိုင်ပါတယ်။

ထမင်းကျွေးပါ

ထမင်းက အာဟာရရှိပြီး အစာကြေလွယ်တဲ့အတွက် ကလေးတွေရဲ့တစ်နေ့တာအစားအစာမှာ ပါဝင်သင့်တဲ့ အရေးကြီးဆုံးအစားအစာဖြစ်ပါတယ်။ ထမင်းရဲ့အာဟာရဓာတ်တွေအများကြီးထဲကမှ အမီနိုအက်ဆစ်ပါဝင်မှုက အကောင်းဆုံးပါပဲ။ ကလေးရဲ့ကိုယ်ခံအားကောင်းဖို့အတွက် ထမင်းများများကျွေးပေးပါ။

သီဟိုဠ်စေ့ ကျွေးပါ

ထမင်းနဲ့ ခြားပြီး သီဟိုဠ်စေ့အနည်းငယ်ကျွေးပေးတာက ကလေးတွေကို အားအင်ပြည့်ဝစေနိုင်ပါတယ်။ ကလေးတွေရဲ့နာကျင်ယားယံမှုတွေကို သက်သာစေအောင် ကူညီပေးနိုင်ပါတယ်။

ကလေးတွေကို ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေ ကျွေးပေးရမယ့်အပြင် ကလေးတွေရဲ့ကျန်းမာရေးကို မထိခိုက်စေဖို့အတွက် ကောင်းမွန်တဲ့တစ်နေ့တာအလေ့အထတွေရှိဖို့လည်း အရေးကြီးပါတယ်။

အိပ်ချိန်မှန်ပါစေ

လူကြီးတွေတင်မဟုတ်ဘဲ ကလေးတွေရဲ့အိပ်ချိန်မှန်ဖို့ကလည်း အရေးကြီးပါတယ်။ အိပ်စက်ခြင်းက ကလေးရဲ့ကျန်းမာရေးနဲ့ ကိုယ်ခံအားကို ထိန်းပေးတဲ့နေရာမှာ အရေးပါပါတယ်။ ကလေးက အိပ်ချိန်မမှန်ဘဲ အိပ်ရေဝဝမအိပ်ဘူးဆိုရင် ကလေးက ကိုယ်ခံအားနည်းသွားနိုင်တဲ့အပြင် ကလေးအဝလွန်တာနဲ့ ကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအစာတွေကို ဆာလောင်စိတ်ဖြစ်လာနိုင်ပါတယ်။

အသင့်စားအစားအစာတွေကို ရှောင်ပါ

မိဘတွေက အဆီများတဲ့အစားအစာနဲ့ အသင့်စား အစားအစာတွေကို ကလေးတွေမစားမိအောင် ဂရုစိုက်ပေးသင့်ပါတယ်။ ဒီအစားအစာတွေက မသန့်တဲ့ဆီပါဝင်မှုများပြီး အာဟာရဓာတ်ပါဝင်မှုနည်းပါတယ်။ ကလေးတွေကို ဝလာစေနိုင်တဲ့အပြင် ကလေးရဲ့ခန္ဓာကိုယ်ကို အာဟာရမဖြည့်ပေးနိုင်ပါဘူး။ ကျန်းမာရေးနဲ့ညီညွှတ်တယ်လို့ တံဆိပ်တပ်ထားတဲ့ အသင့်ထုတ်ပိုးထားတဲ့အစားအစာတွေကလည်း အဲဒီလောက် ကျန်းမာရေးနဲ့ညီညွှတ်မှုမရှိပါဘူး။

ကိုယ်လက်လှုပ်ရှားမှုရှိပါစေ

ကလေးတွေကို လှုပ်လှုပ်ရှားရှားနေစေတာကလည်း ကလေးရဲ့ကိုယ်ခံအားစနစ်တိုးလာစေနိုင်တဲ့အရေးကြီးတဲ့ လူနေမှုပုံစံပါပဲ။ ကလေးတွေကို ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ခိုင်းတာက ဇီဝဖြစ်စဉ်အားကောင်းစေတဲ့အပြင် နာတာရှည်ရောဂါဖြစ်နိုင်ချေကိုလည်း ဟန့်တာပေးနိုင်ပါတယ်။ ကလေးတွေကို တရားထိုင်ခိုင်းလို့လည်း ရပါတယ်။

Ref: Foods to boost immunity in kids
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top