ဝတ်စုံသစ် မိတ်ဆက်ချိန်မှာ ရော်နယ်ဒိုပုံ အသုံးပြုခဲ့တဲ့ မက္ကဆီကို တတိယတန်းကလပ်

12-8-2020-yyl-019.jpg

မက္ကဆီကို တတိယတန်းကလပ် တီလက်ကာလာအသင်းဟာ သူတို့ရဲ့ဝတ်စုံသစ်ကို မိတ်ဆက်ချိန်မှာ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ပုံကို အသုံးပြု၊ ကြော်ငြာခဲ့ပါတယ်။ တီလက်ကာလာအသင်းက ရော်နယ်ဒိုရဲ့ပုံကို ဆော့ဖ်ဝဲအသုံးပြုပြီး သူတို့ရဲ့ဝတ်စုံသစ် ဝတ်ဆင်ထားတဲ့ပုံစံ ဖန်တီးခဲ့တာပါ။

”ဒီဝတ်စုံ ဝတ်လိုက်ရင် ရော်နယ်ဒို ဘယ်လောက် ချောမောခန့်ညားသွားလဲ တွေ့ကြလား”လို့ တီလက်ကာလာအသင်းက သူတို့ရဲ့တွစ်တာစာမျက်နှာမှာ ကြေညာထားပါတယ်။ အသက် ၃၅ နှစ်ရှိတဲ့ ရော်နယ်ဒိုဟာ ဂျူဗင်တပ်ကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့မယ်လို့ သတင်းထွက်နေပေမဲ့ ဂျူဗင်တပ်အမှုဆောင်ချုပ် အက်ဂ်နယ်လီကတော့ အဲဒီသတင်းတွေကို ငြင်းဆန်ထားပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply