မက်ဆီတို့မိသားစုက ကိုဗစ်ရောဂါ မကူးစက်စေနိုင်တဲ့ မွေ့ရာနဲ့ အိပ်စက်နေ

12-8-2020-yyl-018.jpg

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတို့ မိသားစုဟာ ကိုဗစ်ရောဂါ မကူးစက်စေနိုင်တဲ့ မွေ့ရာနဲ့ အိပ်စက်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ပေါင် ၉၀၀( မြန်မာငွေ ၁၆ သိန်းကျော်) တန်ကြေးရှိတဲ့ အဲဒီမွေ့ရာဟာ Viruclean နည်းပညာကို အသုံးပြုထားတဲ့အတွက် မွေ့ရာပေါ် ကျန်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးမွှားအကြွင်းအကျန် အစအနတွေကို ၄ နာရီအတွင်း ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။ Tech Moon မွေ့ရာထဲမှာ အလွန်သေးငယ်တဲ့ အမှုန်တွေကို မြှုပ်ထားတဲ့အတွက် အဲဒီမွေ့ရာပေါ်ကို ကိုရိုနာဗိုင်းရပ်စ် ရှိနေသူတစ်ယောက်ယောက် အိပ်လိုက်ရင်တောင် မွေ့ရာပေါ်မှာ ရောဂါပိုး အကြွင်းအကျန်အစအနတွေ ကျန်ရစ်မှာမဟုတ်ပါဘူး။ ၄ နာရီအတွင်း ပိုးသတ်ပြီးသား ဖြစ်စေမှာပါ။

မက်ဆီရဲ့ အာဂျင်တီးနားအသင်းဖော် အဂွေရိုကလည်း Tech Moon မွေ့ရာနဲ့ အိပ်စက်နေတယ်လို့ ဆိုပါတယ်။ အက်သလက်တီကို ကွင်းလယ်လူ ဆာအူလ်နီဂွက်ဇ်ကတော့ Tech Moon မွေ့ရာအမှတ်တံဆိပ်ရဲ့ သံတမန်ပါ။ မက်ဆီတို့ မိသားစု အိပ်စက်နေတဲ့ မွေ့ရာဟာ ခြေထောက်ကို အလိုအလျှောက် နှိပ်ပေးနိုင်တဲ့ လုပ်ဆောင်မှုလည်း ပါဝင်ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top