အတ္တလန္တာတစ်သင်းလုံးရဲ့ လုပ်ခလစာက နေမာရဲ့လစာထက် ပိုနည်းနေ

12-8-2020-yyl-020.jpg

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ကစားရမယ့် စီးရီးအေကလပ် အတ္တလန္တာအသင်း ကစားသမားအားလုံးရဲ့ တစ်နှစ်လုပ်ခလစာက ပေါင်သန်း ၃၀ ဝန်းကျင်ပဲရှိပြီး ပီအက်စ်ဂျီတိုက်စစ်မှူး နေမာရဲ့ တစ်နှစ်လုပ်ခလစာထက် ပိုနည်းနေပါတယ်။ အတ္တလန္တာဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း နည်းပြ ဂက်စ်ပါရီနီရဲ့ ဦးဆောင်မှုအောက်မှာ အသင်းလိုက် စုစည်းမှုအားကောင်းကောင်းနဲ့ စီးရီးအေထိပ်တန်းအသင်းတစ်သင်းဖြစ်လာခဲ့တာပါ။

၁၆ သင်းအဆင့်မှာ လာလီဂါကလပ် ဗလင်စီယာကို နှစ်ကျော့ပေါင်းရလဒ် ၈-၄ ဂိုးနဲ့ အနိုင်ယူကျော်ဖြတ်ခဲ့တဲ့ အတ္တလန္တာအသင်းဟာ (၁၉၉၉-၂၀၀၀ ရာသီက လာဇီယိုအသင်းနောက်ပိုင်း) ချန်ပီယံလိဂ်ပြိုင်ပွဲ စတင်ကစားခွင့်ရတဲ့ရာသီမှာ ကွာတားဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်တဲ့ ပထမဆုံး စီးရီးအေကလပ်လည်း ဖြစ်ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top