အမျိုးသမီးတစ်ယောက်ကို ဆိုင်ကယ်နဲ့ တရွတ်တိုက်ဆွဲခဲ့တဲ့ ဖြစ်ရပ်ကြောင့် ကင်ညာရဲတပ်ဖွဲ့ဝင် သုံးယောက်ကို ဖမ်းဆီး

12-6-2020-yyl-040.jpg

အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကို ဆိုင်ကယ်နောက်မှာ ကြိုးတုပ်ပြီး တရွတ်တိုက် ဆွဲခေါ်လာတဲ့ ဖြစ်ရပ်ကြောင့် ကင်ညာရဲအရာရှိသုံးယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဓားပြတိုက်မှုမှာ ပါဝင်တယ်လို့ စွပ်စွဲပြီး တခြားအမျိုးသားတစ်ယောက်က အဲဒီအမျိုးသမီးကို ကြာပွတ်နဲ့ ရိုက်ခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာ အမျိုးသမီးက ဆက်မရိုက်ဖို့ အသနားခံခဲ့တာ တွေ့ရပါတယ်။

အဲဒီနောက်မှာ လူအုပ်ကြီးက ဒီဖြစ်ရပ်ကို ကြားဝင်ဟန့်တားခဲ့ပြီး အဲဒီအမျိုးသမီးကို ဆေးရုံပို့ခဲ့သည်။ အဲဒီအမျိုးသမီးဟာ ခြေထောက်ကျိုးခဲ့တဲ့အပြင် တခြားဒဏ်ရာတွေလည်း ရခဲ့ပါတယ်။ ကင်ညာရဲတပ်ဖွဲ့ဟာ နှိပ်စက်ညှဉ်းပန်းလေ့ရှိတယ်လို့ မကြာခဏ စွပ်စွဲခံရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တားဆီးနိုင်စေဖို့ ရည်ရွယ်ပြီး ကင်ညာနိုင်ငံတစ်ဝန်း ညမထွက်ရအမိန့် ထုတ်ပြန်ထားချိန်မှာ ကင်ညာရဲတပ်ဖွဲ့က အနည်းဆုံး လူ ၁၅ ယောက်ကို အသေဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့ စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ယောက်လည်း ပါပါတယ်။ ဒီဖြစ်ရပ်တွေအတွက် ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီး၊ စွဲချက်တင်ဖို့ တိုက်တွန်းခဲ့ပေမဲ့ အရေးယူမှု တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top