အန္တာတိကကမ်းရိုးတန်းကနေ ကွဲထွက်လာတဲ့ ကမ္ဘာ့အကြီးဆုံး ရေခဲပြင်ကြီးရဲ့အရွယ်အစားကို သိပ္ပံပညာရှင်တွေ တွက်ချက်နိုင်ပြီ

14.12.23-yyl-5.jpg

အန္တာတိကကမ်းရိုးတန်းကနေ ကွဲထွက်လာတဲ့ ကမ္ဘာ့အကြီးဆုံး ရေခဲပြင်ကြီးရဲ့ အရွယ်အစားကို သိပ္ပံပညာရှင်တွေက တွက်ချက်နိုင်ခဲ့ပါပြီ။ ဂြိုဟ်တုတိုင်းတာချက်တွေအရ အဲဒီရေခဲပြင်ကြီးရဲ့ ပျမ်းမျှအထူဟာ ပေ ၉၂၀ ရှိပြီး စတုရန်းမိုင် ၁၅၀၀ ကျယ်ဝန်းပါတယ်။ အကြမ်းဖျင်းအားဖြင့် ရေခဲပြင်ကြီးရဲ့ ထုထည်က ၁၁၀၀ ကုဗကီလိုမီတာရှိပါတယ်။

၁၉၈၆ ခုနှစ်မှာ အန္တာတိကကမ်းရိုးတန်းကနေ ကွဲထွက်လာပြီး အန္တာတိကတိုက်ကို ကျော်လွန်ကာ စီးဆင်းမျောပါလာခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ရေခဲပြင်ကြီးရဲ့ လမ်းကြောင်းကို အဆုံးအဖြတ်ပေးနိုင်မယ့် ကာလဖြစ်နေပြီး လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း အန္တာတိကသမုဒ္ဒရာ (သို့) တောင်သမုဒ္ဒရာအတွင်း မျောပါမယ့်လမ်းကြောင်းကို ဆုံးဖြတ်နိုင်ဖွယ်ရှိတယ်လို့ သုတေသီတွေက ဆိုပါတယ်။

A23a လို့ အမည်ပေးထားတဲ့ ရေခဲပြင်ကြီးဟာ ဂရိတ်လန်ဒန်ဧရိယာထက် အရွယ်အစား ၂ ဆကျော် ကြီးမားပါတယ်။ နှစ် ၃၀ ကျော် မျောပါခဲ့တာဖြစ်လို့ အချိန်နဲ့အမျှ ထုထည်၊ အရွယ်အစား လျော့ပါးလာခဲ့တာပါ။

Ref: A23a: Monster iceberg just shy of a trillion tonnes

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top