လူမှုကွန်ရက်ပေါ်က ဗီဒီယိုကြောင့် ပါကစ္စတန်နိုင်ငံမှာ မိန်းကလေးငယ်နှစ်ယောက် အသတ်ခံရ

18-5-2020-yyl-006.jpg

အင်တာနက်ပေါ်က ဗီဒီယိုတစ်ခုကြောင့် ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ဆယ်ကျော်သက်မိန်းကလေးနှစ်ယောက် အသတ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အစောပိုင်းမှာ ဝါဇီရီစတန်မျိုးနွယ်တွေ နေထိုင်ရာခရိုင်တွေရဲ့ တောင် – မြောက် နယ်စပ် ရွာတစ်ရွာမှာ မိသားစုဝင်တွေက ဂုဏ်သိက္ခာဆည်တဲ့အနေနဲ့ မိန်းကလေးနှစ်ယောက်ကို ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီမိန်းကလေးတွေနဲ့ လူငယ်တစ်ယောက်ကို ယှဉ်တွဲတွေ့ရတဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ် တက်လာခဲ့ပြီးနောက် လူသတ်မှုဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီလူသတ်မှုနဲ့စပ်လျဉ်းပြီး ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အမျိုးသား ၂ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ အဖမ်းခံထားရသူတွေဟာ သေဆုံးသူ မိန်းကလေးတစ်ယောက်ရဲ့ဖခင်နဲ့ နောက်ထပ်သေဆုံးသူမိန်းကလေးရဲ့အစ်ကိုဖြစ်တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။

လူအသွားအလာ ပြတ်တဲ့နေရာတစ်ခုမှာ လူငယ်တစ်ယောက်က မိန်းကလေးငယ် သုံးယောက်နဲ့ တွဲရိုက်ထားတဲ့ ဗီဒီယိုဟာ လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက ရိုက်ထားတဲ့ ဗီဒီယိုဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ သီတင်းပတ် ၂ ပတ်လောက်ကမှ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့တာပါ။ ပါကစ္စတန်နိုင်ငံမှာ အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် အကြမ်းဖက်မှုဟာ ဆိုးရွားတဲ့ပြဿနာတစ်ခုဖြစ်နေဆဲပဲလို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ နှစ်စဉ်နှစ်တိုင်း ပါကစ္စတန်နိုင်ငံတစ်ဝန်းမှာ သိက္ခာဆည်သတ်ဖြတ်မှု ၁၀၀၀ လောက် ဖြစ်နေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ယုံကြည်နေပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top