မြန်မာနိုင်ငံအတွက် အရေးကြီးသည့် ပရဟိတကူညီမှု ၃ ခုပြုလုပ်မည့် အောင်လအန်ဆန်

Aung-La-N-Sang-DC-4275.jpg

ONE Championship ၏ ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် သည် ONE: Century ပြိုင်ပွဲတွင် ONE ဟဲဗီးဝိတ် ကမ္ဘာ့ ချန်ပီယံ Brandon Vera ကို အနိုင်ရရှိခဲ့ပြီးနောက် တစ်လခန့်အကြာတွင် ၎င်း၏မွေးရပ်မြေ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ သည်။

မြန်မာ့စပါးအုံး အောင်လအန်ဆန် ယခုတစ်ခေါက် မွေးရပ်မြေ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ အတွင်း ၎င်းထောက်ပံ့ကူညီပေးနိုင်မည့်ကဏ္ဍများတွင် ကူညီပါဝင်ဆောင်ရွက်ရန်ဖြစ်သည်။ ၎င်းသည် တောရိုင်းတိရစ္ဆာန်များ ကာကွယ် စောင့်ရှောက်ရေးတွင် သံတမန်အဖြစ် ခန့်အပ်ခံထားရသူဖြစ်သည်။ အလားတူ မူးယစ်ဆေးဝါးဆိုင်ရာ လှုပ်ရှားမှုများ၊ ပညာရေးဆိုင်ရာ လှုပ်ရှားမှုများနှင့် အခြား လူမှုရေးဆိုင်ရာကဏ္ဍများတွင်လည်း တက်တက်ကြွကြွ ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။

အောင်လအန်ဆန်သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ၎င်းရရှိခဲ့သည့် ဂုဏ်ပြုဆုကြေးငွေအချို့နှင့် အားကစားပစ္စည်းများအား လေလံတင် ရောင်းချရာမှ ရရှိသည့်ငွေကြေးများကို ကချင်စစ်ဘေးရှောင်စခန်းရှိ ဒုက္ခသည်များကို လှူဒါန်းခဲ့သည်။

၁။ ကျောင်းပြင်ပ ပညာရေးကဏ္ဍကို အားပေးသူ

နိုင်ငံတစ်နိုင်ငံ တိုးတက်ပြောင်းလဲနိုင်ရန် အဓိကကျသည့်အချက်သည် ပညာရေးဖြစ်ကြောင်း အောင်လအန်ဆန်က ယုံကြည်ထားသည်။ ထို့ကြောင့် အောင်လအန်ဆန်အနေဖြင့် မွေးရပ်မြေ ဖွံ့ဖြိုးရေးကို တစ်ဖက်တစ်လမ်းမှ ကူညီသည့်နေရာတွင် ပညာရေးကဏ္ဍကို အထူးအားပေးသည်။

အောင်လအန်ဆန်သည် ONE Championship နှင့်အတူ Global Citizen ၏ သံတမန်အဖြစ် တာဝန်ယူပြီး မြန်မာရွေ့လျား ပညာရေး စီမံကိန်း MyMe Project နှင့်အတူ ကျောင်းပြင်ပသင် ကလေးများ၏ပညာရေးအတွက်လည်း ကူညီထောက်ပံ့မှုများပြုလုပ်ပေးခဲ့သည်။

“ပညာရေးက အရမ်းအရေးကြီးပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပေါ့။ လူငယ်တွေရဲ့ စိတ်ကူးတွေ၊ အိပ်မက်တွေကို အနာဂတ် မှာ အကောင်အထည်ဖော်နိုင်ဖို့အတွက် အရေးအရမ်းကြီးတာကတော့ ပညာရေးပါပဲ။ လူတစ်ယောက်ရဲ့ဘဝမှာ ပညာရေးက အရေးကြီး တဲ့ အစိတ်အပိုင်းတစ်ခုမှာ ပါတယ်။ ဒါကြောင့် အခု သူတို့ကို ပညာရေး ဘယ်လောက်အရေးကြီးကြောင်း ပြောပြချင်တာပါ” ဟု အောင်လ အန်ဆန်က ထုတ်ဖော်ပြောကြားခဲ့သည်။

အောင်လအန်ဆန်အနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတိုးတက်လာစေရန် တတ်နိုင်သည့်နေရာမှ ကူညီဆောင်ရွက်ပေးရန် အမြဲအ သင့်ရှိနေကြောင်း ပြောကြားခဲ့သည်။ ONE Championship သည် ပြီးခဲ့သည့် သြဂုတ်လအတွင်းဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံအတွင်း ရေ ဘေးဒုက္ခတွင် စာသင်ကျောင်းအချို့ ပျက်စီးဆုံးရှုံးခဲ့မှုများအား ပြန်လည်ပြုပြင်နိုင်ရန်အတွက် ထောက်ပံ့လှူဒါန်းခဲ့သည်။

၂။ မူးယစ်ဆေးဝါးကို ဆန့်ကျင်တိုက်ဖျက်ချင်သူ

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအန္တရာယ်သည် ကြီးမားသော ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်သည်။ မူးယစ်ဆေးဝါးကြောင့် လူငယ်များစွာ လမ်းမှားရောက်ပြီး အသက်ဆုံးရှုံးမှု ဖြစ်စဉ်များစွာလည်း ရှိသည်။ အောင်လအန်ဆန်သည် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ဆန့်ကျင် တိုက်ဖျက်ရေးနှင့် ဆေးသုံးစွဲသူများကို မိသားစုများက ပစ်ပယ်မထားဘဲ လမ်းမှန်သို့ လက်တွဲခေါ်ရေး အစီအစဉ်များတွင် ပါဝင်ကူညီ လှုပ်ရှားခဲ့သည်။

“မြစ်ကြီးနားမှာဆို ဆေးစွဲနေတဲ့သူတွေ အများကြီးပဲ ကျွန်တော်တွေ့ရတယ်။ တချို့ ကျွန်တော်နဲ့သိတဲ့လူတွေတောင် ဆေးစွဲပြီး သေကုန် ကြတာတွေရှိတယ်။ မူးယစ်ဆေးဝါးဆိုတာ လူငယ်တွေအတွက် တော်တော် အန္တရာယ်ကြီးတယ်။ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ ပတ် သက်ပြီး ကျွန်တော် ကူညီလုပ်ဆောင်ပေးမယ့် အစီအစဉ်တွေလည်း ရှိပါတယ်” ဟု အောင်လအန်ဆန်က ထုတ်ဖော်ပြောကြားခဲ့သည်။

၃။ အိမ်တွင်းအကြမ်းဖက်မှုကို ဆန့်ကျင်သူ

ယနေ့ခေတ်တွင် အိမ်တွင်းအကြမ်းဖက်မှုများ ကမ္ဘာအနှံ့တွင် ဖြစ်ပွားလာခဲ့ပြီး ကမ္ဘာက စောင့်ကြည့်ပညာပေး တားဆီးရေးများပြုလုပ်ရ သည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။ အမျိုးသမီးများအား မိသားစု၊ အိမ်ထောင်စုအတွင်း အကြမ်းဖက်မှုများကို ကာကွယ်ပေးရန်မှာ အ မှန်တကယ် လိုအပ်လျက်ရှိသည်။

လက်ရှိမြန်မာနိုင်ငံတွင် အိမ်တွင်းအကြမ်းဖက်မှုပြဿနာများ ဖြစ်ပေါ်လျက်ရှိပြီး အမျိုးအမီးအခွင့်အရေးအတွက် ကာကွယ်ပေးသည့် ဥပ ဒေအားနည်းခြင်းနှင့် အိမ်တွင်းအကြမ်းဖက်မှု ပညာပေးအစီအစဉ်များ နည်းပါးခြင်းတို့ကြောင့်ဖြစ်သည်။

မြန်မာ့စပါးအုံး အောင်လအန်ဆန်သည် မြန်မာနိုင်ငံအခြေစိုက် ဥရောပကော်မရှင်နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံတွင် အိမ်တွင်းအကြမ်းဖက်မှု ဆန့်ကျင် ပညာပေးအစီအစဉ်များတွင် ကူညီပေးသွားမည်ဖြစ်သည်။

“အီးယူနဲ့ ပူးပေါင်းပြီး အိမ်တွင်းအကြမ်းဖက်မှုတွ လျော့ကျသွားစေဖို့ ပညာပေးအစီအစဉ်လေးတွေ လုပ်သွားဖို့ရှိပါတယ်။ အဓိက ကတော့ အမျိုးသမီးတွေ အကြောင်းအမျိုးမျိုးကြောင့် အိမ်တွင်း အကြမ်းဖက်ခံနေရတာတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် ကာကွယ်နိုင်ဖို့ ကြိုးစားတာဖြစ်ပါတယ်” ဟု အောင်လအန်ဆန်က ပြောကြားခဲ့သည်။

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top