မန်ယူနဲ့ ဂျူဗင်တပ် ချန်ပီယံလိဂ်ကထွက်ခဲ့ရ

57154516_2280603708649535_9212909049845121024_n.jpg

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပထမရက်ပွဲစဉ်တွေအပြီးမှာတော့ မန်ယူနဲ့ ဂျူဗင်တပ်တို့ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ မန်ယူက ဘာစီလိုနာကို (၃) ဂိုးပြတ် ရှုံးနိမ့်ခဲ့လို့ ၂ ကျော့ပေါင်းရလဒ် (၄-ဝ)ဂိုးဖြစ်ခဲ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။
ဂျူဗင်တပ်ကတော့ အေဂျက်ကို အိမ်ကွင်းမှာ ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ၂ ကျော့ပေါင်းရလဒ် (၂-၃) ဂိုးနဲ့ ပြိုင်ပွဲက ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

မန်ယူက ဘာစီလိုနာကို (၃) ဂိုးပြတ် ရှုံးနိမ့်ခဲ့လို့
၂ ကျော့ပေါင်းရလဒ် (၄-ဝ)ဂိုးဖြစ်ခဲ့

ဘာစီလိုနာအတွက် ပွဲချိန် ၁၆ မိနစ်နဲ့ ပွဲချိန် ၂၀ မိနစ်တွေမှာ မက်ဆီက ဧရိယာထိပ်ကန်ချက်တွေနဲ့ ဂိုးတွေသွင်းယူခဲ့ပြီး ပွဲချိန် ၆၁ မိနစ်မှာ ကော်တင်ဟိုက ဧရိယာထိပ်ကန်ချက်နဲ့ ပွဲသိမ်းဂိုးသွင်းခဲ့တာပါ။ ဘာစီလိုနာဟာ လီဗာပူး-ပေါ်တိုပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကစားရမှာပါ။

မန်ယူဟာ ၁၉၉၉ ခုနှစ် အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံ အဝေးကွင်းပွဲစဉ် ၄ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပါတယ်။ ၂ ကျော့ ကစားရတဲ့ ဥရောပပြိုင်ပွဲမှာ ၄ ဂိုးနဲ့အထက် ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာ မန်ယူအသင်း သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဂျူဗင်တပ်ကတော့ အေဂျက်ကို အိမ်ကွင်းမှာ ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ၂ ကျော့ပေါင်းရလဒ် (၂-၃) ဂိုးနဲ့ ပြိုင်ပွဲက ထွက်ခဲ့ရ

ဂျူဗင်တပ်အတွက် ပွဲချိန် ၂၈ မိနစ်မှာ ရော်နယ်ဒိုက ထောင့်ကန်ဘောကနေ ခေါင်းတိုက်ပြီး အဖွင့်ဂိုးသွင်းခဲ့ပေမဲ့ နောက် ၆ မိနစ်အကြာမှာပဲ ဗန်ဒီဘိခ်က အနီးကပ်ကန်ချက်နဲ့ ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ ပွဲချိန် ၆၇ မိနစ်မှာ အေဂျက်စ်နောက်ခံလူ ဒီလစ်က ထောင့်ကန်ဘောကနေ ခေါင်းတိုက်ပြီး အေဂျက်စ်အတွက် အနိုင်ဂိုးသွင်းယူခဲ့တာပါ။ အေဂျက်ဟာ မန်စီးတီး-စပါးပွဲစဉ်မှာ
နိုင်ရတဲ့အသင်းနဲ့ ဆီမီးဖိုင်နယ် ကစားရမှာပါ။

ဒီရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကတော့ ၂၀၀၉-၂၀၁၀ ရာသီနောက်ပိုင်း ရော်နယ်ဒိုမပါဝင်နိုင်တဲ့ ပထမဆုံးအကြိမ် ဖြစ်လာခဲ့ပါပြီ။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top