စန္ဒသူရိယ နက္ခတ္တဗေဒ ဟောစာတမ်း (၂၂-၅-၂၀၂၂ မှ ၂၉-၅-၂၀၂၂ ) ရက်နေ့အထိ

23-5-2022-yyl001.png

ဆရာကင်္ကသူ

တနင်္ဂနွေ


ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့အတွက်

စီးပွားရေး။ ။ စားသောက်ဆိုင်လုပ်ငန်း၊ အစားအသောက်လုပ်ငန်းနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းလုပ်ကိုင်သူများ ကံကောင်းမည့်အချိန်ဖြစ်သည်။ အစုအစပ်လုပ်ငန်းများ အနည်းငယ် စိတ်သောကရောက်ရမည်။အထူးသဖြင့် လောင်စာဆီလုပ်ငန်းနှင့် သံလုပ်ငန်းလုပ်ကိုင်နေသူများ ငွေကြေခက်ခဲသွားတတ်ပါသည်။

ကျန်းမာရေး။ ။ ခေါင်းကိုက်ခြင်း၊ ကျောရိုးနှင့်ဆိုင်သောရောဂါ၊ မျက်လုံးနှင့်ဆိုင်သောရောဂါများရတတ်ပါသည်။ သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ မိန်းကလေးများအနေနှင့် မိမိကစိတ်မကောက်မိရန်သာ အရေးကြီးပါသည်။ မိမိအနေနှင့် စိတ်ကောက်နေပါက မိမိချစ်သူမှာ စိတ်မကောက်တတ်သူနောက် ပါသွားတတ်သည်။ အိမ်ထောင်သည်များလည်း သံသယဖြင့် အိမ်ထောင်ဘက်အပေါ် မဆက်ဆံသင့်ပါ။

ပညာရေး။ ။ပညာရေးအနေနှင့် စားရင်းအင်းပညာများကို အဓိကလိုက်ပါ။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ကိတ်မုန့် လက်ဆောင်ရရှိတတ်သည်။ ရေထွက်ပစ္စည်းတစ်ခုခုလည်း လက်ဆောင်ရတတ်ပါသည်။ ဝန်ထမ်းများ ထီထိုးပါ။

အကျိုးပေးဂဏန်းမှာ ။ ။၁။၂။၃

ယတြာ။ ။ ပေါက်ပေါက်များကို အိမ်ဘုရားတွင် လှူပေးပါ။ စိတ်အေးချမ်းရပါစေကြောင်း ဆုတောင်းပါ။

တနင်္လာ


ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့

စီးပွားရေး။ ။ အလှကုန်ပစ္စည်းများ၊ အထည်အလိပ်၊ ဖန်စီပစ္စည်းလေးများ၊ ပြည်ပမှတင်သွင်းသည့် အလှကုန်နှင့် ဆက်စပ်ပစ္စည်း လုပ်ကိုင်သူများ ကံကောင်းပြီး ပွဲရုံလုပ်ငန်းလုပ်သူများ အနည်းငယ် ညံ့နေပါလိမ့်မည်။ ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူများ ကောင်းပါသည်။ရွှေလုပ်ငန်းနှင့် ရတနာရောင်းဝယ်လုပ်ငန်းများ ကောင်းနေပါမည်။

ကျန်းမာရေး။ ။ ခါးနာခြင်းပြန်ဖြစ်တတ်သည်၊ ရောဂါဟောင်းများ ပြန်ပေါ်တတ်သည်၊ အထူးသဖြင့် အစားကြောင့်ဖြစ်သော ရောဂါများ ပြန်ဖြစ်တတ်သဖြင့် သတိပြုပါ။အစားစိမ်းများစားလျှင် သတိပြုပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် မိမိချစ်သူနှင့် ဘုရားဖူးခရီးတစ်ခုသွားရပါက ကံကောင်းပါလိမ့်မည်။နှစ်ဘက်မိဘတို့ကြောင့် လက်ထပ်ရန်ရက်ကြာသည့်မှအပ အခြားပြဿနာမရှိပါ။ အိမ်ထောင်သည် များအနေဖြင့် ခရီးတစ်ခုကို အကြောင်းပြုပြီး ငွေကုန်မည်။

ပညာရေး။ ။ပညာရေးအနေနှင့် ရာထူးစာမေးပွဲဖြေမည့်သူများ ၊ သင်္ဘောနှင့်ဆိုင်သည့် စာမေးပွဲဖြေမည့်သူများ စာကိုသေချာလုပ်ပါ၊ စာမေးပွဲတွင် အခက်အခဲကြုံရတတ်သည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း အဝတ်အထည်များဝင်လာတတ်သည်။ ပန်းချီကားလက်ဆောင်ရပါက ထီထိုးပါ။ အစိုးရဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၄ ၊ ၇ ၊ ၉။

ယတြာ– အိမ်ဘုရားတွင် ကံကော်ပန်းများ ဝေနေအောင်ထိုးပေးပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့

စီးပွားရေး။ ။ တောင်သူလုပ်ငန်း၊ လယ်ယာနှင့်ဆိုင်သောလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းမား ကောင်းပါသည်။ အထူးသဖြင့် စိုက်ပျိုးရေးနှင့်ဆိုင်သော ပစ္စည်းများ ရောင်းချသည့်သူများ စီးပွားဖြစ်နေတတ်သော်လည်း ငွေစာရင်းသာရှိပြီး ငွေမှာ အကြွေးကျနေတတ်သည်။ နောင်တစ်ချိန်တွင် ငွေပြန်ရရန်မသေချာသော ကိစ္စတစ်ခုဖြစ်တတ်ပါသည်။ ငွေချေးမိပါက ပြန်မဆပ်နိုင်ဖြစ်တတ်ပါသည်။

ကျန်းမာရေး။ ။ ဦးခေါင်းကိုက်ခဲခြင်း၊မူးခြင်း ဖြစ်တတ်သည်။ မျက်လုံးနှင့်ဆိုင်သော ရောဂါများ ရတတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် လျှို့ဝှက်အချစ်ဖြစ်တတ်သည် ၊အချစ်ဟောင်းနှင့် ပြန်တွေ့နေတတ်သည်။ အိမ်ထောင်သည်များလည်း မိမိအဆက်ဟောင်းနှင့် ပြန်တွေ့နေတတ်ရာ သတိပြုပါ၊ ထိုကိစ္စကိုအကြောင်းပြုပြီး လက်ရှိအိမ်ထောင်ရေး ကိစ္စများတတ်သည်။

ပညာရေး။ ။ပညာရေးအနေနှင့် တက္ကသိုလ်ဝင်တန်းအတွက် ကြိုးစားနေသူများဖြစ်ပါက အင်္ဂလိပ်စာကို အထူးကြိုးစားပါ။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း အိမ်သစ်ပြောင်းရပါက ကံကောင်းပါလိမ့်မည်။ ရေလမ်းခရီး သတိထားပါ။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၃၊ ၅ ၊ ဝ။

ယတြာ – အင်္ဂါနေ့တွင် အင်္ဂါနံဘုရားတွင် ထီးအနီရောင် ၃ လက်လှူပေးပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့အနေဖြင့်

စီးပွားရေး။ ။ ရွှေလုပ်ငန်း၊ရွှေတူးဖော်ခြင်း၊ ကျောက်မျက်ရတနာတူးဖော်ခြင်းနှင့်သတ္တုတူးဖော်ခြင်း၊ရေနံစသည့် မြေကြီးထွက် အဖိုးတန်ပစ္စည်းများနှင့် အကျိုးပေးသောကလဖြစ်သည်။အထူးသတိပြုရန်မှာ ယခုတစ်ပါတ်အတွင်း စီးပွားရေးအကြောင်းဖြင့် ခရီးဝေးသွားရပါက ခရီးကြာနိုင်ပါသည်။

ကျန်းမာရေး။ ။ ကျောက်ကပ်နှင့်ဆိုင်သောရောဂါ၊ ဆီး၊ ဆီးကျိတ်ရောင်ခြင်းတို့ ခံစားရပါက အမြန်ဆုံးကုသရန်လိုပါသည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ မိမိအားအလွန်ချစ်တတ်ပြီး အလွန်စိတ်ကောက်တတ်သော ချစ်သူကို ပိုင်ဆိုင်ရမည်။ အိမ်ထောင်ဘက်များအနေနှင့် စီးပွားရေးနောက်ကို လိုက်နေသဖြင့် အိမ်ထောင်ရေးအခြေအနေအေးစက်နေတတ်သည်။

ပညာရေး။ ။ပညာရေးအနေနှင့် နိုင်ငံခြားသွားမည့်သူများ ဘာသာစကားကို သေချာလေ့လာထားရန်လိုပါသည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း လက်ဆောင်ပစ္စည်းများလက်ခံရရှိနေပါလိမ်မည်။ နိုင်ငံဝန်ထမ်းများအနေနှင့် ရာထူးအတွက် စာမေးပွဲဖြေရလိမ့်မည်။ နေရာပြောင်းရတတ်သည်။

ရာဟု သားသမီးတို့ကတော့ ကျန်းမာရေး အနေနှင့် လေနာရောဂါရတတ်သည်။ ယာဉ်ရထားသတိထားမောင်းနှင်ပါ။ အချစ်ရေးတွင်လည်း အသဲကွဲနေရတတ်သည်။ စီးပွားရေးတွင် စိုက်ပျိုးရေးကို ဦးစားပေးသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ကံကောင်းပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၄ ၊ ၇ ၊ ၈။

ယတြာ။ ။ ဗုဒ္ဓဟူးနေ့တွင် မြတ်စွာဘုရားကို ရည်စူးပြီး မုန့်ချိုများကို ဆက်ကပ်လှူဒါန်းပူဇော်ပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတွက်

စီးပွားရေး။ ။ ဘဏ်လုပ်ငန်း၊ ငွေကြေးလုပ်ငန်းများ၊ ငွေလွဲလုပ်ငန်းများ၊ ငွေကြေးနှင့်ဆိုင်သော လုပ်ငန်းများ၊ စတော့၊ငွေတိုက်စာချုပ် စသည့်လုပ်ငန်းများအကျိုးပေးသည်။ နိုင်ငံခြားငွေလှဲခြင်း၊ စုဆောင်ခြင်း၊ စသည်တို့လည်း ကောင်းပါသည်။ ယခုကာလအတွင်း သစ်လုပ်ငန်း လုပ်ဆောင်ပါက ယာယီနားနေသည်ကကောင်းပါသည်။

ကျန်းမာရေး။ ။ ဦးခေါင်းနှင့်ဆိုင်သောရောဂါ၊ ခေါင်းကိုက်ခြင်း၊ မျက်လုံးနှင့် နားရောဂါတို့ အထူးသတိပြုပါ။ မျက်လုံးပါဝါများလည်း တက်လာနိုင်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်ရသောသူနှင့် အမြန်ဆုံးလက်ထပ်ရလိမ့်မည်။ အိမ်ထောင်သည်များလည်း အလုပ်ကိစ္စများနှင့်ပါတ်သက်ပြီး ခရီးဝေးသွားရပြီး ခွဲနေရမည်။

ပညာရေး။ ။ဘွဲ့တစ်ခုခုအတွက် စာတမ်းရေးသားနေရပါက သတိထားရေးသားရန်ဖြစ်သည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ပညာရေးဆိုင်ရာ သင်တန်းတစ်ခု တက်ရပါလိမ့်မည်။ ဝန်ထမ်းများ မိမိအထက်လူကြီးကို အကြောင်းပြုပြီး ငွေဝင်မည်။

အကျိုးပေးဂဏန်း – ၁ ၊ ၈ ၊ ၉။

ယတြာ – ကြာသာပတေးနေ့တွင် ရေသန့် (၅) ဗူးအား အသက်ကြီးသူများကို လှူပေးပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည်

စီးပွားရေး။ ။ အနုပညာနှင့်ဆိုင်သော ပန်းဆယ်မျိုးလုပ်ကိုင်သူများ ကံကောင်းသော ကာလဖြစ်သည်။ မိမိ၏ လက်မှု့အနုပညာကို ဈေးကွက်တင်ရန် အချိန်ခါကောင်းဖြစ်သည်။ ရေလုပ်ငန်းကိုတော့ သတိထားလုပ်ပါ။ ရေလမ်းခရီးဖြင့် ကုန်သွယ်နေသူများ သတိထားရမည့် အချိန်လည်းဖြစ်ပါတယ်။

ကျန်းမာရေး။ ။ နှလုံရောဂါ၊သွေတိုး၊ဆီးချိုသမားများ အထူးသတိထားရမည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံတရားက မိမိဘက်မပါဘဲ ဖြစ်နေမည်။ ချစ်သူအနေနှင့် မိမိအား အကဲခတ်နေကြောင်း သတိပြုပါ။ အိမ်ထောင်ရေးသမားများအနေနှင့် အဆင်ပြေမည့်ကာလဖြစ်သည်။

ပညာရေး။ ။ပညာရေးအနေနှင့် အင်္ဂလိပ်စာနှင့် သင်္ချာကဲ့သို့ တွက်ရသော ပညာရပ်များတွင် အလေးပေးလေ့လာပါ။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ကား၊ဆိုင်ကယ် စသည့် ယာဉ်တစ်ခုခုဝင်တတ်ထွက်တတ်သည့်အချိန်ဖြစ်ပါသည်။ ဝန်ထမ်းများလည်း မိမိနှင့် ဌာနတူ သူငယ်ချင်းတစ်ဦးကြောင့် စိတ်သောကရောက်ရတတ်သည်။

အကျိုးပေးဂဏန်း – ၂ ၊ ၅ ၊ ၉။

ယတြာ – သောကြာနေ့တွင် ငါးအရှင်များကို တတ်နိုင်သလောက် လွတ်ပေးပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည်

စီးပွားရေး။ ။ ပြည်ပကုန်သွယ်ခြင်းလုပ်ငန်း၊ပြည်ပနှင့်ဆက်သွယ်သောလုပ်ငန်း၊ သွင်းကုန်-ထုတ်ကုန်လုပ်ငန်းများ ကံကောင်းပါသည်။ ရေနံနှင့် သဘာဝဓါတ်ငွေလုပ်ငန်းများကတော့ အေးနေတတ်ပါတယ်။ ငွေကြေးအခက်အခဲဖြစ်တတ်ပြီး အထူးသဖြင့် အိမ်၊ခြံ၊မြေသမားများ ငွေကုန်၊လူပန်းဖြစ်တတ်သည်။

ကျန်းမာရေး။ ။ ခြေထောက်နှင့်ပါတ်သက်သောရောဂါဖြစ်တတ်သည်။ ခြေသလုံးသွေးကြောများ ပိတ်ပြီး ခွဲစိတ်ရတတ်သည်။ အထူးသတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်သူနှင့်ပါက်သက်သော မိဘတို့က သဘောတူမည်။အိမ်ထောင်ပြုရန် ရက်ရွေးရလိမ့်မည်၊ အိမ်ထောင်သည်များအနေနှင့် ဘာသာရေးဆိုင်ရာ ခရီးသွားရမည်။

ပညာရေး။ ။ပညာရေးအနေနှင့် ပြည်ပပညာတော်သင်သွားရလိမ့်မည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း အိမ်အနီးတွင် သူခိုးပူခြင်း၊မီးလှန့်ခြင်းများဖြစ်တတ်သည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၃။၈။၉ ၊

ယတြာ – နွမ်းပါးသူကို အဝတ်အထည်များ ပေးလှူပါ။

Team (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top