အမြွှာသားလေးတွေကို မွေးဖွားခဲ့ပြီး ၁၄ လအကြာမှာ နောက်ထပ်အမြွှာသမီးလေးတွေကို မွေးဖွားပိုင်ဆိုင်ခဲ့ရတဲ့စုံတွဲ

28.2.2023-image-4.jpg

ဘရစ်နေး အယ်လ်ဘာဆိုသူအမျိုးသမီးဟာ အမြွှာသားလေးတွေမွေးဖွားပြီး ၆ လအကြာမှာ နောက်ထပ်အမြွှာလေးတွေလွယ်ထားရတယ်ဆိုတာ သိလိုက်ရပါတယ်။ သူနဲ့သူ့ခင်ပွန်း ဖရန်ကီ အယ်လ်ဘာတို့က အာထရာဆောင်းရိုက်ကြည့်တော့ ကလေးတွေက အမြွှာလေးတွေဆိုတာကို မယုံကြည်နိုင်ဖြစ်ခဲ့ရပါတယ်။ အာထရာဆောင်းရိုက်ပေးတဲ့သူက စနောက်နေတယ်လို့တောင် ထင်မှတ်ခဲ့တာပါ။

အမြွှာဆိုတာသေချာလား။ နောက်တစ်ကြိမ် ထပ်စစ်ကြည့်ပါဦးလို့တောင်ပြောယူခဲ့ရပါတယ်။အမြွှာမွေးပြီးတဲ့သူက ထပ်ပြီး အမြွှာပိုင်ဆိုင်ရဖို့ဆိုတာ ရှိတော့ရှိပေမဲ့ ရှားတဲ့အတွက် သူတို့စုံတွဲ အံ့အားသင့်ခဲ့ရတာပါ။ အယ်လ်ဘာတို့စုံတွဲရဲ့ပထမဆုံးအမြွှာသားလေးတွေဖြစ်တဲ့ လူကာနဲ့ လီဗီတို့က အချင်းတစ်ခုတည်းဖြစ်တဲ့ monochorionic-diamniotic (MoDi) ထပ်တူကျအမြွှာတွေဖြစ်ပြီး ဒုတိယအမြွှာလေးတွေဖြစ်တဲ့ လင်ဒီယာနဲ့ လင်လီတို့က အချင်းရော၊ ရေမြွှာအိတ်ပါ တစ်ခုတည်းဖြစ်တဲ့ monoamniotic-monochorionic (MoMo) ထပ်တူကျအမြွှာတွေပါ။ ဒီအမြွှာက ထပ်တူကျအမြွှာတွေထဲမှာတောင် ပိုပြီးတူသလို ရှားလည်းရှားပါတယ်။ MoMo အမြွှာက ကိုယ်ဝန်ဆောင် ၁၀၀၀၀ မှာ တစ်ကြိမ်သာဖြစ်ပြီး ရှားပါးကိုယ်ဝန်ဆောင်မှုပါပဲ။

ဒီကိုယ်ဝန်ဆောင်ရင် အသက်အန္တရာယ်များပါတယ်။ ဘရစ်နေးအယ်လ်ဘာက ကိုယ်ဝန် ၂၅ ပတ်မှာ ရက် ၅၀ ကြာ ဆေးရုံတက်ခဲ့ရပါတယ်။ လင်ဒီယာနဲ့လင်လီ အမြွှာသမီးလေးတွေကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ကလေးတွေက ဆရာဝန်တွေနဲ့သူနာပြုတွေရဲ့စောင့်ရှောက်မှုအောက် မွေးကင်းစကလေးအထူးကြပ်မတ်ကုသရေးဌာနမှာ ပထမ (၆) ပတ်ကြာအောင် နေခဲ့ရပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့မှာ ဆေးရုံကဆင်းပြီး အိမ်ကို ပြန်ခွင့်ရခဲ့ပါတယ်။

Ref: ABCNews “Couple welcomes 2 sets of ‘rare’ twins 14 months apart”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top