မိခင်ကြက်မကြီးက သူ့ကလေးတွေကို မိုးဒဏ်ကနေ ကာကွယ်ပေးနေတဲ့ မြင်ကွင်းပုံရိပ်

8.3.2023-yyl-iamge-3.jpg

မိခင်ရဲ့ချစ်ခြင်းမေတ္တာက အကန့်အသတ်မရှိဘူးဆိုတဲ့စကားကို ဒီဓာတ်ပုံတွေက သက်သေပြလို့နေပါတယ်။ မိခင်ကြက်မကြီးက သူ့ရဲ့ကလေးတွေကို မိုးမစိုအောင် သူ့ရဲ့အတောင်နဲ့ အုပ်မိုးပေးထားတဲ့ ဓာတ်ပုံတွေပါပဲ။ မကြာသေးခင်က စင်ကာပူနိုင်ငံမှာ မိုးရွာစဉ်အတွင်း ဂျက်ဖ် လို့ဆိုတဲ့အမျိုးသားတစ်ဦးဟာ အဲ့ဒီဓာတ်ပုံတွေကို စင်ကာပူရုက္ခဗေဒဥယျာဉ်မှာ ရိုက်ကူးခဲ့တာပါ။

ဂျက်ဖ်က အခြားငှက်တစ်ကောင်ရဲ့ပုံကို ရိုက်ဖို့လုပ်ခဲ့တာပါ။ သူက မိုးရွာလို့ မိုးခိုရင်း သူ့ရဲ့ကလေးတွေကို မိုးဒဏ်ကနေ ကာကွယ်ပေးနေတဲ့ မိခင်ကြက်မကြီးကို သတိပြုမိသွားခဲ့တာပါ။ ကြက်ပေါက်လေးတွေကလည်း သူတို့ရဲ့မိခင်ကြက်မကြီးရဲ့အတောင်အောက်မှာ လုံခြုံစွာ ပုန်းအောင်းနေကြပါတယ်။ ဂျက်ဖ်က ဒီဓာတ်ပုံတွေကို “ကြက်ပေါက်လေးတွေက သူတို့ရဲ့မိခင်ရဲ့အတောင်အောက်မှာ မိုးမစိုအောင် ပုန်းအောင်းနေတာက ECO Lake (စင်ကာပူရုက္ခဗေဒဥယျာဉ်)မှာ တကယ်လှတဲ့မြင်ကွင်းပါပဲ”ဆိုတဲ့ စာသားနဲ့ လူမှုကွန်ယက်ပေါ်တင်ခဲ့တာပါ။

ဓာတ်ပုံတွေကို အနီးကပ်ကြည့်ရင် မိခင်ကြက်မကြီးရဲ့နှုတ်သီးက မိုးရေစက်ကိုလည်း သတိထားမိမှာပါ။ အနားမှာ ကြက်ဖကြီးရှိပေမဲ့ ဓာတ်ပုံမရိုက်မိလိုက်ဘူးလို့ ဂျက်ဖ်က ဆိုထားပါတယ်။

Ref: Beautiful photo of mother hen protecting chicks from the rain captured at S’pore Botanic Gardens

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top