အခုထွက်ပေါ်နေတဲ့ရလဒ်တွေဟာ အပြီးအပြတ်မဖြစ်နိုင်သေးဘူးလို့ USDP ဥက္ကဌပြော

10-11-2020-yyl-029.jpg

ရန်ကုန် နိုဝင်ဘာ ၁၀

ဆန္ဒမဲရေတွက်တာ၊ အနိုင်ရကိုယ်စားလှယ်ကြေညာတာတွေဟာ အငြင်းပွားဖွယ်ရာမြောက်များစွာနဲ့ ဆက်လက်ဆောင်ရွက်နေဆဲပဲရှိသေးတဲ့အတွက် ထွက်ပေါ်နေတဲ့ရလဒ်တွေဟာလည်း အပြီးအပြတ်မဖြစ်နိုင်သေးဘူး လို့ ပြည်ခိုင်ဖြိုး(USDP)ပါတီ ဥက္ကဌ ဦးသန်းဌေးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

”ဒီနေ့ထွက်ပေါ် နေတဲ့ရလဒ်တွေဟာလည်းပဲ Final Result မဟုတ်သေးဘူး။ အပြီးအပြတ်မဖြစ်နိုင် သေးဘူးဆိုတာ ကြိုတင်တင်ပြလိုပါတယ်”လို့ ဦးသန်းဌေးက ပြည်ခိုင်းဖြိုးပါတီရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးပြောကြားလိုက်တာပါ။

ရွေးကောက်ပွဲဖြစ်စဥ◌်ကြီးတစ်ခုလုံးဟာ ဥပဒေနဲ့အညီ ဖြစ်သလား၊ မဖြစ်ဘူးလားဆိုတာက အငြင်းပွား ဖွယ်ရာမြောက်များစွာရှိခဲ့တဲ့အပြင် အထောက်အထားတွေထွက်ပေါ်နေဆဲ၊ ရှိနေဆဲဖြစ်လို့ ဒီခရီးဟာ မဆုံးနိုင်သေးတဲ့ ခရီးရှည်ကြီးဖြစ်မယ်လို့လည်း သူကဆိုပါတယ်။

”ဥပဒေနဲ့အညီဖြစ်တဲ့၊ မျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်အောင် ဥပဒေနဲ့အညီ ဆက်ပြီးကြိုးစားသွားမှာဖြစ် ပါတယ်။ အဲဒီဖြစ်စဥ◌်တွေနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီဖြစ်အောင် အထောက်အထားတွေနဲ့ အပြီးသတ်အဖြေရတဲ့ ထိအောင် ဆောင်ရွက်သွားမှာပါ”လို့ ဦးသန်းဌေးက ပြောပါတယ်။

အခုလိုဆောင်ရွက်မှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲဖြစ်စဥ◌်တစ်ခုလုံးမှာ မိမိတို့ရရှိထားတဲ့ တရားမဲ့ပြုကျင့်မှု အထောက်အထားအားလုံးကို ကိုယ့်ဆီမှာပဲသိမ်းမထားဘဲ သက်ဆိုင်ရာနယ်မြေမှာရှိတဲ့ ပါတီရုံးတွေ၊ ကိုယ်စားလှယ် လောင်းတွေဆီကို ပို့ဖြစ်အောင် ပို့ပေးပါလို့လည်း သူက မေတ္တရာရပ်ခံလိုက်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top