ဦးနှောက်ခွဲစိတ်မှုခံယူခဲ့ရတဲ့ မာရာဒိုနာ ဆေးရုံက ပြန်ဆင်းခွင့်ရဖို့ တောင်းဆို

12-11-2020-yyl-008.jpg

အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာက ဆေးရုံကဆင်းချင်နေပြီး ဆရာဝန်တွေကလည်း သူ့ကို အိမ်ပြန် အနားယူခိုင်းဖို့ စဉ်းစားနေတယ်လို့ သူ့ရဲ့ဆရာဝန်က ပြောပါတယ်။ မာရာဒိုနာဟာ ပြီးခဲ့တဲ့တစ်ပတ်တုန်းက ဦးနှောက်ထဲမှာ သွေးခဲလို့ ခွဲစိတ်မှုခံယူခဲ့ရပြီး ဗျူနိုအေရိစ်မြို့ဆေးရုံမှာ စောင့်ကြည့်ကုသမှု ခံယူနေရပါတယ်။

မာရာဒိုနာကတော့ တတ်နိုင်ရင် အမြန်ဆုံး ဆေးရုံကဆင်းချင်နေပြီး သူ အိမ်ပြန်ချင်တဲ့အကြောင်းကိုလည်း ထုတ်ပြောထားပါတယ်။ ဒါပေမဲ့ မာရာဒိုနာရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်လာဖို့အတွက် သူ့အိမ်က သက်သောင့်သက်သာရှိဖို့ လိုတယ်လို့ ဆရာဝန်တွေက ညွှန်ကြားထားပါတယ်။ မာရာဒိုနာရဲ့ ပရိသတ်တွေကလည်း ဆေးရုံအပြင်ဘက်မှာ စုဝေးပြီး သူ့ကို အားပေးခဲ့ကြပါတယ်။ မာရာဒိုနာဟာ ဦးနှောက်ခွဲစိတ်မှု လုပ်ခဲ့ပြီးနောက် ရှင်းမပြနိုင်တဲ့ အခြေအနေတစ်ရပ်ကြောင့် စိတ်အလိုမကျတဲ့ ဝေဒနာခံစားခဲ့ရပါတယ်။ မာရာဒိုနာဟာ အရင်တုန်းက မူးယစ်ဆေးနဲ့ အရက်စွဲတဲ့ ပြဿနာတွေ ရှိခဲ့ဖူးပါတယ်။

ဘာစီလိုနာ၊ နာပိုလီ၊ ဘိုကာဂျူနီယာအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ မာရာဒိုနာဟာ ၁၉၈၆ ခုနှစ်က အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့ပြီး ဆေးရုံမတက်ရခင် အာဂျင်တီးနားကလပ် အက်စ်ဂရီမာအသင်းရဲ့နည်းပြအဖြစ် တာဝန်ယူခဲ့သူပါ။ မာရာဒိုနာဟာ ၂၀၀၀ ပြည့်နှစ်တုန်းက ကိုကိန်းသုံးစွဲလို့ နှလုံးခုန် ရပ်တန့်သွားပြီး သေလုမျောပါးဖြစ်ခဲ့ရဖူးပါတယ်။

Ref: Dailymail ” Maradona close to leaving hospital after undergoing surgery to remove a blood clot from his brain “

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top