အထောက်အထားမဲ့ မြန်မာလုပ်သား ၁၃ ယောက်ကို တင်ဆောင်လာတဲ့ကားက ထိုင်းရဲကားကို ဝင်တိုက်မိလို့ လူ ၃ ဦး ဒဏ်ရာရ

31-8-2020-yyl-014.jpg

ထိုင်းနိုင်ငံထဲ ခိုးသွင်းမယ့် အထောက်အထားမဲ့ အလုပ်သမားတွေ တင်ဆောင်လာတယ်ဆိုတဲ့ ပစ်ကပ်ကားတစ်စင်းဟာ တက်ခ်ခရိုင်( Tak)မှာ လမ်းပိတ်ရပ်ထားတဲ့ ရဲကားကို ဝင်တိုက်မိခဲ့လို့ တက်ခ်ခရိုင် လူဝင်မှု ကြီးကြပ်ရေး ရဲအရာရှိနဲ့ မြန်မာနိုင်ငံသား ၂ ယောက် အသေးစား ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

အလုပ်သမားတွေကို ခိုးသွင်းနေတဲ့ အဖွဲ့တစ်ဖွဲ့က မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တက်ခ်ပြည်နယ် မဲရာမတ်ခရိုင်ကနေ ခိုးသွင်းဖို့ ကြိုးစားနေတယ်လို့ သတင်းရရှိခဲ့တဲ့အတွက် အရာရှိတွေကို စေလွှတ်ပြီး သောင်ရင်းမြစ်တစ်လျှောက်နယ်စပ်မှာ ကင်းလှည့်စေခဲ့တယ်လို့ နယ်စပ်လှည့်ကင်းအရာရှိတစ်ယောက်က ပြောပါတယ်။ လှည့်ကင်းအရာရှိတွေက ဆိုင်ဘန်တုံဖောင်လမ်းကို ပိတ်ဆို့ထားခဲ့ပြီး Isuzu D-max ပစ်ကပ်ကားတစ်စီးကို ရှာဖွေဖို့ ရပ်တန့်ခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ယာဉ်မောင်းက ကားကို အရှိန်တင်မောင်းပြီး အတားအဆီးတွေထဲကနေ မောင်းထွက်သွားဖို့ ကြိုးစားခဲ့ရာမှာ တက်ခ်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးရဲအရာရှိ ဒု-အရာခံဗိုလ် ဝမ်ချိုင်းမောင်းနှင်တဲ့ Toyota Hilux ကားကို ဝင်တိုက်မိခဲ့ပါတယ်။

လှည့်ကင်းအရာရှိတွေက ပစ်ကပ်ကားကို ရပ်တန့်ပြီး ရှာဖွေစစ်ဆေးရာမှာ ကားပေါ်ကနေ မြန်မာနိုင်ငံသား အမျိုးသား ၁၀ ယောက်၊ အမျိုးသမီး ၃ ယောက် စုစုပေါင်း ၁၃ ယောက် တွေ့ရှိခဲ့ပါတယ်။ သူတို့အားလုံးမှာ စာရွက်စာတမ်း အထောက်အထားမပါဘူးလို့ ဆိုပါတယ်။ ယာဉ်တိုက်မှုကြောင့် လူဝင်မှုကြီးကြပ်ရေးရဲအရာရှိ ဝမ်ချိုင်းနဲ့ ရွှေ့ပြောင်းလုပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာ အနည်းငယ် ရခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ယာဉ်မောင်းအမျိုးသားကတော့ အသက် ၃၀ အရွယ်ရှိတဲ့ တက်ခ်ပြည်နယ် ဒေသခံ ဆူရာဆက် ဖြစ်ပါတယ်။ သူဟာ ရွှေ့ပြောင်းလုပ်သား တစ်ယောက်ကို ဘတ် ၁၂,၀၀၀ ကနေ ၁၃,၅၀၀ ( မြန်မာငွေ ၅၈၀,၀၀၀ ဝန်းကျင်) နှုန်းနဲ့ ဘန်ဆမ်မူအန်ခရိုင်ဆီ ပို့ဆောင်ပေးနေသူဖြစ်ပါတယ်။ အဲဒီညက တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေ တင်ဆောင်လာဖွယ်ရှိတဲ့ ယာဉ် ၅ စင်းက လမ်းပိတ်ဆို့ထားတဲ့ကြားကနေ ထိုင်းနိုင်ငံထဲကို တိမ်းရှောင်ဝင်ရောက်သွားနိုင်ခဲ့တယ်လို့ ထိုင်းအရာရှိတွေက ဆိုပါတယ်။

Ref: The Nation ” Policeman injured in bid to stop pickup allegedly smuggling in Myanmar labourers”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top