အရင်တုန်းက ကူးစက်ရောဂါပြန့်ပွားရေးဥပဒေနဲ့ အရေးယူတယ်။ ခုဆိုရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေနဲ့ အရေးယူတော့မှာဖြစ်ပါတယ်။

amaysu.jpg

”ပြည်သူတွေအနေနဲ့ Quarantine ဝင်ရတာဟာ ကြောက်စရာမဟုတ်ပါဘူး။ ဒါပေမဲ့ ဥပဒေအရ အရေးယူခံရမယ် ဆိုရင် နည်းနည်းကြောက်စရာဖြစ်ပါတယ်”နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ Facebook Account ကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ COVID-19 အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေကို စုံစမ်းရှာဖွေဖော်ထုတ်တာ၊ ကာကွယ်၊ ထိန်းချုပ်ရေးစီမံဆောင်ရွက်တာနဲ့ စပ်လျဥ◌်းတဲ့ ဆွေးနွေးမှုကောက်နုတ်ချက်တွေကို ရိုးရာလေးပရိသတ်အတွက် တင်ပြပေးလိုက်ပါတယ်။

– ရန်ကုန်သူ၊ ရန်ကုန်သားတွေက သိပ်ရဲလာတယ်။ စည်မျဥ◌်းစည်းကမ်းတွေကို လိုက်နာတဲ့နေရာမှာလည်း အားနည်း လာတယ်။

– COVID-19 ရောဂါနဲ့ပတ်သက်ပြီး စည်းကမ်းရှိရှိနဲ့ ရင်ဆိုင်မယ်ဆိုရင် သိပ်ကြာကြာကြီးခံရမယ့်ဟာမဟုတ်ပါဘူး။ ဒါပေမဲ့ စည်းမဲ့ကမ်းမဲ့ဖြစ်ပြီး သိပ်ပြန့်ပွားသွားလို့ရှိရင် မကြာသင့်တာထက် အများကြီးကြာမှာပါ။

– ထိတွေခဲ့သူတွေကို ဆက်သွယ်တဲ့အခါ ဖုန်းဆက်မရတဲ့အခက်အခဲတွေကြုံရတယ်။ တစ်ခါတလေ ကျန်းမာရေး ဌာနကဟုတ်လို့လားဆိုပြီး မယုံတာတွေလည်းရှိတယ်။

– ကျန်းမာရေးက ကုသမှုကို တာဝန်ယူမယ်။ ကျန်တဲ့အခက်အခဲတွေကို ပြည်သူတွေကိုယ်တိုင်ကလည်း မျှပြီး တာဝန် ယူရမယ်။

– အရင်တုန်းက ကူးစက်ရောဂါပြန့်ပွားရေးဥပဒေနဲ့ အရေးယူတယ်။ ဒါပေမဲ့ အဲဒီဥပဒေက ဒဏ်နည်းတယ်၊ ပျော့တယ်။ အခုဆိုရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေနဲ့ အရေးယူတော့မှာဖြစ်ပါတယ်။

– ဩဂုတ် ၁၀ ရက်ကနေ ရပ်ပစ်လိုက်တဲ့အချိန်ထိ စစ်တွေကနေ ရန်ကုန်ကို လေယာဥ◌်နဲ့လာတဲ့သူ ၇၀၀၀ ကျော် ရှိတယ်။ ဒီ ၇၀၀၀ ဟာ နိုင်ငံအတွင်းမှာ ဘယ်လောက်ပြန့်ပွားသွားနိုင်တယ်ဆိုတာ စဥ◌်စားကြည့်ရင် သိနိုင်ပါတယ်။

– COVID-19 ဖြစ်ပွားနေတဲ့ကာလမှာ လူထုကို အထိတ်တလန့်ဖြစ်အောင်၊ မလိုလားအပ်ဘဲ လူစုလူဝေးဖြစ်အောင် ဆောင်ရွက်တာတွေရှိနေပါတယ်။

– ဩဂုတ်လအတွင်းမှာ Website ၅ ခု၊ Facebook Page ၁၅ ခု၊ Account ၃၈ ခု၊ စုစုပေါင်း ၅၈ ခုကို ပယ်ဖျက်ခဲ့ပါတယ်။ ဆက်သွယ်ရေးဥပဒေနဲ့လည်း အရေးယူခဲ့တာရှိပါတယ်။

– ရခိုင်မှာ မနေ့ကအထိ ၄၀၇ ဦးအထိ ကူးစက်မှုနှုန်းရှိပါတယ်။ သူတို့နဲ့ဆက်စပ်တဲ့သူ ၁၄၆၃ ဦးကို Quarantine စင်တာမှာထားပြီး စစ်ဆေးမှုတွေလုပ်နေပါတယ်။

– ပြည်သူတစ်ယောက်ချင်းရဲ့အသက်ဟာ တန်ဖိုးဖြတ်လို့မရပါဘူး။ နိုင်ငံတော်အတွက် ဘယ်လောက်ကုန်ကျတယ် ဆိုတာကို ထည့်မတွက်ဘူး။ နိုင်ငံတော်က တန်ဖိုးထားပါတယ်။ ဒါပေမဲ့ ပြည်သူတွေကလည်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစေချင်တယ်။

– ရောဂါပိုးကူးစက်ခံရသူဟာ ရန်ကုန်တိုင်းမှာ ၄၀၀ ရှိသွားပါပြီ။ ရန်ကုန်မှာ တော်တော်များများကို Stay at Home အစီအစဥ◌်တွေလုပ်ရမယ်။

– ပြည်ထဲရေးဘက်က ဥပဒေနဲ့ပတ်သက်ပြီး ခက်မာမာကိုင်တွယ်ရပါလိမ့်မယ်။ တာဝန်မဲ့တဲ့လုပ်ရပ်တွေကို လုံးဝမနှစ်မြို့ဘူး။ နိုက်ကလပ်လိုဟာမျိုးတွေဟာ ကန့်သတ်ထားတဲ့ကြားထဲက ဖွင့်တာတွေဟာ အင်မတန်တာဝန်မဲ့ပြီး ပြည်သူအပေါ်မှာရော၊ နိုင်ငံအပေါ်မှာရော စေတနာအင်မတန်နည်းတယ်လို့ သတ်မှတ်ရပါမယ်။ ဒါတွေကို တင်းတင်းကျပ်ကျပ်အရေးယူသွားမယ်။

– ပြည်သူတွေအနေနဲ့ Quarantine ဝင်ရတာဟာ ကြောက်စရာမဟုတ်ပါဘူး။ ဒါပေမဲ့ ဥပဒေအရ အရေးယူခံရမယ် ဆိုရင် နည်းနည်းကြောက်စရာဖြစ်ပါတယ်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top