မက်ဆီကို ဘာစီလိုနာမှာ ဆက်ကစားဖို့ နားချတဲ့ အသင်းဖော် ၂ ယောက်ပဲ ရှိ

beko.jpg

အသင်းကနေ ထွက်ခွာခွင့်တောင်းထားတဲ့ မက်ဆီကို ဘာစီလိုနာမှာ ဆက်နေဖို့ ဖျောင်းဖျတဲ့ အသင်းဖော်ဆိုလို့ ဆွာရက်ဇ်နဲ့ ဗီဒယ်တို့ ၂ ယောက်ပဲ ရှိတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ဘာစီလိုနာနဲ့ အဆင်မပြေဖြစ်ခဲ့တဲ့ မက်ဆီဟာ အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ ဘုတ်အဖွဲ့ထံ တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့နဲ့ အင်္ဂါနေ့က လေ့ကျင့်ရေးအစီအစဉ်ကို သတင်းမပို့ခဲ့တဲ့အတွက် ဘာစီလိုနာက မက်ဆီကို ဒဏ်ရိုက်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

မက်ဆီက အသင်းပြောင်းဖို့ ဇွတ်တရွတ် ကြိုးစားနေတဲ့ အနေအထားရှိပြီး ဘာစီလိုနာအသင်းဖော်တွေက သူ့လုပ်ရပ်ကို အားပေးထောက်ခံခြင်း မရှိဘူးလို့ သတင်းတွေက ဖော်ပြပါတယ်။ ဆွာရက်ဇ်နဲ့ ဗီဒယ်တို့ ၂ ယောက်ပဲ မက်ဆီကို ဘာစီလိုနာမှာ ဆက်နေဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ မက်ဆီနဲ့ အရမ်းရင်းနှီးတယ်လို့ ဆိုကြတဲ့ ဘာစီလိုနာအသင်းဖော် ဆာဂျီယိုဘတ်စ်ကွတ်၊ ဂျရတ်ပီကေးတို့ကတော့ မက်ဆီ အသင်းပြောင်းခွင့် တောင်းဆိုတဲ့ကိစ္စကို မှတ်ချက်မပေးကြသေးပါဘူး။

နောက်ဆုံးထွက်ပေါ်နေတဲ့ သတင်းတွေအရ မန်စီးတီးက မက်ဆီကို ယူရိုသန်း ၇၀၀ နဲ့ ခေါ်ယူဖို့ သဘောတူညီခဲ့ပြီလို့ ဖော်ပြပါတယ်။ ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းကတော့ ဆွာရက်ဇ်ကိုလည်း ပွဲထွက်ခွင့် အာမခံချက်မပေးနိုင်ဘူးလို့ ဖုန်းဆက် ပြောထားပြီး ဆွာရက်ဇ်ရဲ့ အနာဂတ်ကလည်း ဘာစီလိုနာမှာ မသေချာသေးပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top