ကြွေလွင့်သွားခဲ့ရတဲ့ ကြယ်ပွင့်တစ်ပွင့် အိုအင်ဟေး

15-9-2020-yyl-008.jpg

စက်တင်ဘာ ၁၄ ရက်နေ့က ကိုရီးယားမင်းသမီးအိုအင်ဟေး (Oh In Hye) ကို နေအိမ်မှာ နှလုံးခုန်ရပ်တဲ့အခြေအနေနဲ့ မေ့မျောနေတဲ့အတွက် ဆေးရုံတင်ခဲ့ရပါတယ်။ စက်တင်ဘာလ ၁၅ ရက်နေ့မနက်မှာကတော့ အိုအင်ဟေး သေဆုံးသွားခဲ့ပါတယ်။ မင်းသမီးသေဆုံးချိန်မှာ အသက် (၃၆) နှစ်ရှိပါပြီ။ သူ့ကို ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တယ်လို့ ယုံကြည်ထားကြပါတယ်။

သူသေဆုံးပြီးတဲ့နောက်မှာတော့ အိုအင်ဟေး ဆေးရုံတက်ခဲ့ရတဲ့ Inha University Hospital မှာပဲ နာရေးကျင်းပသွားမယ်လို့ သိရပါတယ်။ အိုအင်ဟေးရဲ့နာရေးဖိတ်ကြားမှုကို ကျွန်တော်တို့ဆေးရုံမှာပဲ စီစဉ်ထားပါတယ်”လို့ ဆေးရုံက ထုတ်ပြောထားပါတယ်။ အခုအချိန်ဆိုရင် အိုအင်ဟေးရဲ့နာရေးအတွက် ပြင်ဆင်နေကြပါပြီ။ အိုအင်ဟေးကို သူ့ရဲ့နေအိမ်မှာ နှလုံးခုန်ရပ်တဲ့အနေအထားနဲ့တွေ့ပြီး ဆေးရုံပို့ပေးပြီးတဲ့နောက် နှလုံးပြန်ခုန်လာပြီး အသက်ပြန်ရှုလာခဲ့တယ်လို့ သတင်းမီဒီယာအရ သိရပါတယ်။ မင်းသမီးရဲ့နာရေးကို စက်တင်ဘာ ၁၆ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့ မနက် ၅ နာရီ (ကိုရီးယားစံတော်ချိန်) မှာ အင်ချွန်မြို့ (Songdo International Business District ရှိ အိုအင်ဟေးရဲ့နေအိမ်မှာ နှလုံးရပ်တဲ့အနေအထားနဲ့ သူ့ကို တွေ့ရှိခဲ့ရပါတယ်။ ချက်ချင်းပဲ CPR လို အရေးပေါ်ကုသမှုတွေလုပ်ဆောင်ခဲ့ပြီး အနီးနားဆေးရုံကို ခေါ်ဆောင်သွားခဲ့ရတယ်လို့ Incheon Yeonsu Police Station နဲ့ Incheon Songdo Fire Station က ထုတ်ပြောပြခဲ့ပါတယ်။ “အိုအင်ဟေးဟာ နှလုံးပြန်ခုန်လာပြီး အသက်ပြန်ရှုလာခဲ့ပါတယ်။ သတိတော့မရသေးဘူးလို့” လို့ မနေ့က ပြောပါတယ်။

အိုအင်ဟေးရဲ့သူငယ်ချင်းက မင်းသမီးကို အိမ်မှာ သတိမေ့မျောနေတဲ့တွေ့ရှိပြီး ရဲတွေကို အကြောင်းကြားခဲ့တာဖြစ်တယ်လို့ ရဲဌာနက ဆိုပါတယ်။ “ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့တယ်လို့ ကျွန်တော်တို့ သံသယရှိထားပါတယ်။ ကျွန်တော်တို့ ဘယ်သူတွေ ပါဝင်ပတ်သက်လဲဆိုတာ မစုံစမ်းရသေးတဲ့အတွက် ကျွန်တော်တို့ အသေးစိတ်ဖြေကြားလို့မရသေးဘူး” လို့ မနေ့က ပြောခဲ့ပါတယ်။

အိုအင်ဟေးက ၂၀၁၁ခုနှစ်ကမှ မင်းသမီးအဖြစ် အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာပါ။ ဒရာမာစီးရီးတစ်ကားမှာပဲ ပါဝင်ခဲ့ဖူးပေမယ့် The Plan လို ဇာတ်ကားတော်တော်များများမှာတော့ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အိုအင်ဟေးကို ဇာတ်ကားရိုက်ကူးတာတွေမတွေ့ရတော့ပါဘူး။ တောင်ကိုရီးယားအနုပညာနယ်ပယ်က အနုပညာရှင်တွေ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်တာတွေများပါတယ်။ ပြီးခဲ့နှစ်တုန်းကလည်း ကေပေါ့စ်အဆိုတော် ဆူလီနဲ့ ဂိုဟာရာတို့ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ပြီး သေဆုံးခဲ့ကြရပါတယ်။

Ref: Soompi “Actress Oh In Hye Passes Away”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top