ဒုတိယအချီမှာ ဘက်ဇင်စကီးကို အလဲထိုးအနိုင်ယူပြီး WLC ရဲ့ခရူဇာဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ဆွတ်ခူးခဲ့တဲ့ ဒေ့ဗ်

Dave defeated Seth during 2nd round on the main event of WLC: King of 9 Limbs at Mandalar Thiri Indoor Stadium, Mandalay, Myanmar.

WLC-9: King of Nine limbs လက်ဝှေ့ပြိုင်ပွဲရဲ့ ခေါင်ပွဲဖြစ်ပြီး ခရူဇာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်လုပွဲအဖြစ် ထိုးသတ်ခဲ့တဲ့ ဒေ့ဗ်လက်ဒု(ကနေဒါ)နဲ့ UFC တိုက်ခိုက်ရေးသမားဟောင်း ဆက်သ်ဘက်စင်စကီး(အမေရိကန်)တို့ ပွဲစဉ်မှာတော့ ဒေ့ဗ်က ၂ ချီတည်းနဲ့ အလဲထိုး အနိုင်ရခဲ့ပါတယ်။

ပထမအချီမှာ ဒေ့ဗ်ရဲ့ ဖြတ်နင်းမှုကြောင့် ဘက်ဇင်စကီး လဲကျခဲ့သလို သိပ်မကြာခင်မှာ ညာလက်သီးချက် ထိခဲ့လို့
ဘက်ဇင်စကီး ထပ်မှောက်ခဲ့ပြန်ပါတယ်။ လက်တံ၊ ခြေတံရှည်တဲ့ ဒေ့ဗ်က ခြေယောင်ပြပြီး ပြိုင်ဘက် ခြေလှမ်းမှားတာနဲ့ ပါဝါလက်သီးချက်တွေ ပစ်သွင်းနိုင်ဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။

ဒုတိယအချီမှာ ဘက်ဇင်စကီး နားထဲက သွေးထွက်လို့ ဆရာဝန်ပြခဲ့ပေမဲ့ ဆရာဝန်က ဆက်ထိုးခွင့်ပြုခဲ့ပါတယ်။ အဲဒီနောက်မှာ ဒေ့ဗ်ရဲ့ဘယ်လက်သီးကြောင့် ဘက်ဇင်စကီး လဲကျခဲ့ပါတယ်။ အဲဒီနောက် ဘက်ဇင်စကီးက ဒေ့ဗ်ရဲ့ ခြေထောက်ကို ချုပ်ထားချိန်မှာ ဒေ့ဗ်က ညာလက်သီးချက်တွေ ဆက်တိုက်ပစ်သွင်းခဲ့လို့ ဘက်ဇင်စကီး အထိနာခဲ့ပါတယ်။
ကြိုးဝိုင်းထောင့်မှာ ဒေ့ဗ်က တွန်းလိုက်လို့ လဲကျသွားပြီးနောက်မှာတော့ ဘက်ဇင်စကီးက ဆက်လက်ယှဉ်ပြိုင်ဖို့ ငြင်းဆန်ခဲ့ပြီး အရှုံးပေးခဲ့ပါတယ်။

ဒေ့ဗ်က သူ့မိသားစု၊ မြန်မာနိုင်ငံက ပရိသတ်တွေနဲ့ WLC ကို ကျေးဇူးတင်စကားဆိုခဲ့ပြီး ဒီအောင်မြင်မှုက သူ့အတွက် အစပိုင်းပဲ ရှိသေးတယ်လို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့ရိုးရာလက်ဝှေ့က ကမ္ဘာပေါ်မှာ ခေါင်းတိုက်၊ ခေါင်းရိုက်ပါတဲ့ တစ်ခုတည်းသော တိုက်ခိုက်ရေးအားကစားပါလို့ ဒေ့ဗ်က မှတ်ချက်ပေးခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top