အန်ဒီရုဇ်ကို ဒိုင်ပွဲရပ်နဲ့ ရှုံးနိမ့်ပြီး ရွှေခါးပတ် (၃) ခုဆုံးရှုံးခဲ့တဲ့ အန်သိုနီဂျိုရှုအာ

62138137_2360542600655645_3719119800601935872_n.jpg

မက္ကဆီကိုလက်ဝှေ့သမား အန်ဒီရုဇ်ဂျူနီယာကတော့ ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှုအာကို ဒိုင်ပွဲရပ်အနိုင်ယူပြီး IBF၊ WBO ၊ WBA ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံခါးပတ်တွေ လွှဲပြောင်းရယူခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့သမိုင်းမှာ အံ့အားသင့်စရာအကောင်းဆုံးရလဒ်တစ်ခုဖြစ်ပြီး ဟဲဗီးဝိတ်တန်းမှာ စီစဉ်ထားတဲ့ တွဲဆိုင်းအစီအစဉ်တွေကိုလည်း ကမောက်ကမဖြစ်စေခဲ့ပါတယ်။

ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့သမိုင်းမှာ အံ့အားသင့်စရာအကောင်းဆုံးရလဒ်တစ်ခုဖြစ်ပြီး ဟဲဗီးဝိတ်တန်းမှာ စီစဉ်ထားတဲ့ တွဲဆိုင်းအစီအစဉ်တွေကိုလည်း ကမောက်ကမဖြစ်စေခဲ့

နယူးယော့ခ်မြို့ မက်ဒီဆင်စကွဲဂါးဒင်းမှာကျင်းပခဲ့တဲ့လက်ဝှေ့ပွဲစဉ်မှာ အန်ဒီရုဇ်က ဂျိုရှုအာကို (၄) ကြိမ်တိုင်တိုင် မှောက်သိပ်နိုင်ခဲ့ပြီး (၇) ချီမြောက်မှာ ဒိုင်ပွဲရပ်အနိုင်ရခဲ့တာပါ။

အန်ဒီရုဇ်က ဂျိုရှုအာကို (၄) ကြိမ်တိုင်တိုင် မှောက်သိပ်နိုင်ခဲ့ပြီး (၇) ချီမြောက်မှာ ဒိုင်ပွဲရပ်အနိုင်ရခဲ့

ဂျိုရှုအာဟာ ကလေးဆိုးကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ ဂျာရဲလ်မီလာနဲ့ ထိုးသတ်ဖို့စီစဉ်ခဲ့ပေမဲ့ ဂျာရဲလ်မီလာကဆေးကျခဲ့လို့ သူ့နေရာမှာ အန်ဒီရုဇ်က အစားထိုးခံခဲ့ရတာပါ။ အန်ဒီရုဇ်ဟာ ဒီပွဲအတွက် ပြင်ဆင်ချိန်တစ်လခွဲလောက်ပဲရခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲမစခင်မှာ ဂျိုရှုအာက ၁ လေး၊ ၂၅ လေးနဲ့ အနိုင်ရဖို့ ရေပန်းစားခဲ့ပါတယ်။

ဒါပေမဲ့ ပွဲစချိန်မှာတော့ အမြင်နဲ့အထင် ပါစင်အောင်လွဲခဲ့တာ ထင်ရှားသွားပါတယ်။ အန်ဒီရုဇ်က Guard လုံအောင်ကာပြီး ပါဝါလက်သီးတွေနဲ့ ဂျိုရှုအာကို အခက်တွေ့အောင် ထိုးသတ်သွားခဲ့ပါတယ်။ တတိယအချီမှာ ဂျိုရှုအာက ဘယ်ဝိုက်လက်သီးနဲ့ အန်ဒီရုဇ်ကို လဲကျစေခဲ့ပါတယ်။ ဒါပေမဲ့ စက္ကန့်ပိုင်းအကြာမှာပဲ အန်ဒီရုဇ်ရဲ့ ညာလက်သီးက ဂျိုရှုအာရဲ့ နားထင်ကိုထိမှန်ခဲ့ပြီး ဂျိုရှုအာ လဲကျသွားခဲ့ပါတယ်။ ဂျိုရှုအာဟာ အန်ဒီရုဇ်ကို ပွဲဖြတ်နိုင်လောက်တဲ့ ပါဝါမျိုး၊ ထိုးသတ်ပုံမျိုး မရှိခဲ့ပါဘူး။

အန်ဒီရုဇ်က Guard လုံအောင်ကာပြီး ပါဝါလက်သီးတွေနဲ့ ဂျိုရှုအာကို အခက်တွေ့အောင် ထိုးသတ်သွားခဲ့

(၇) ချီမှာ အန်ဒီရုဇ်ရဲ့ လက်သီးတွဲလုံးတွေကြောင့် ဂျိုရှုအာလဲကျခဲ့ပေမဲ့ ပြန်ထနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စက္ကန့်ပိုင်းအကြာမှာ နောက်တစ်ကြိမ်လဲကျသွားခဲ့ပြီး နှာခေါင်းထဲက သွေးယိုစီးလာတာ တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ ဒိုင်ကပွဲကိုရပ်တန့်ပြီး အန်ဒီရုဇ်ကို အနိုင်ပေးခဲ့ပါတယ်။

လင်းနော့လူးဝစ်၊ မိုက်တိုင်ဆန် စတဲ့ နာမည်ကျော်ချန်ပီယံတွေက ပရိသတ်ကို ကြက်သေသေစေတဲ့ရှုံးပွဲတွေ ကြုံခဲ့ဖူး

အရင်တုန်းကလည်း လင်းနော့လူးဝစ်၊ မိုက်တိုင်ဆန် စတဲ့ နာမည်ကျော်ချန်ပီယံတွေက ပရိသတ်ကို ကြက်သေသေစေတဲ့ရှုံးပွဲတွေ ကြုံခဲ့ဖူးပါတယ်။ အခုအခါမှာတော့ ဂျိုရှုအာကလည်း လင်းနော့လူးဝစ်၊ မိုက်တိုင်ဆန်တို့လို အဖြစ်မျိုးကြုံခဲ့ရပါပြီ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top