စတားလုံးရဲ့စံအိမ်ကို ဝယ်ယူချိန်မှာ Rocky ကြေးရုပ်ကို ယူဆောင်သွားခွင့် မပေးခဲ့တဲ့ အဒဲလ်

21.6.2023-yyl-8.jpg

လော့စ်အိန်ဂျလိစ်မြို့က ဒေါ်လာ ၅၈ သန်းတန် စံအိမ်ကို ဝယ်ယူချိန်မှာ Rocky ကြေးရုပ်ကို ယူမသွားဖို့ ဗြိတိန်အဆိုတော် အဒဲလ်က ကန့်ကွက်ခဲ့ကြောင်း စတားလုံးက ပြောခဲ့ပါတယ်။ Rocky မင်းသား စတားလုံးဟာ စတုရန်းပေ ၂၁၀၀၀ ကျယ်ဝန်းပြီး အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၁၂ ခန်းပါတဲ့ သူ့ရဲ့စံအိမ်ကို ဒေါ်လာ သန်း ၁၁၀ ဈေးခေါ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ဒေါ်လာ သန်း ၈၀ အထိ ဈေးလျှော့ပေးခဲ့ပြီး ဒေါ်လာ ၅၈ သန်းနဲ့ အရောင်းအဝယ် တည့်ခဲ့တာပါ။

Rocky လက်ဝှေ့ဇာတ်ကားတွေနဲ့ အောင်မြင်ခဲ့တဲ့ စတားလုံးဟာ သူ့စံအိမ်ရဲ့ ရေကူးကန်မှာ Rocky ကြေးရုပ်ကြီး ထုဆစ်ထားခဲ့တာပါ။ ” ကျွန်တော်က ရုပ်တုကို ယူသွားချင်ပါတယ်။ ဒါပေမဲ့ Rocky ကြေးရုပ်ကို ဖြုတ်ယူသွားရင် အရောင်းအဝယ်ပျက်ပြီလို့ အဒဲလ်က ပြောခဲ့လို့ မယူဖြစ်ခဲ့တာပါ” လို့ စတားလုံးက ဆိုပါတယ်။

သူ့စံအိမ်ကို ဝယ်ယူခဲ့ပြီးနောက် အဒဲလ်က ပြင်ဆင်မွမ်းမံမှုတွေ လုပ်ခဲ့ပြီး လက်ရှိပြင်ဆင်ထားတဲ့ပုံစံကို သဘောကျနှစ်သက်မိတယ်လို့ စတားလုံးက ပြောခဲ့ပါတယ်။

Ref: Adele threatened to scrap $58 million mansion deal if ‘Rocky’ poolside statue wasn’t included, Stallone says

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top