ဦးခေါင်းသေးရောဂါ ဇီကာ ဗိုင်းရက်စ် ဥရောပကို ရောက်ရှိလာ

zikavirus.jpg

ဘရာဇီနိုင်ငံကနေ စတင်တဲ့ ဇီကာဗိုင်းရက်စ်ဟာ ယခုတော့ ဥရောပကိုပါ ရောက်ရှိလာပြီ ဖြစ် ပါတယ်။

သူ့ရဲ့ အခြေမြစ်ရင်းကတော့ ယူဂန်ဒါဖြစ်ပြီး ၁၉၇၀ နောင်းပိုင်းကာလက ဇီကာ (Zeka) အမည်ရ တောမှာ တွေ့ရှိခဲ့တာပါ။ ဒါကြောင့်မို့ Zeka Virus လို့အမည်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ယင်း ရောဂါဟာ သူ့နိုင်ငံမှာရော အခြားဘယ်နိုင်ငံကိုမှ ယခုလို သိသိသာသာ ပြန့်နှံ့ခဲ့ခြင်း မရှိပါဘူး။

ယမန်နှစ်ကစလို့ ဘရာဇီးနိုင်ငံမှာ တွေ့ရှိပြီး ယခုမှ ကူးဆက်မှုနှုန်းက မြင့်တက်လာခြင်း ဖြစ်ပါတယ်။ Zeka အမည်ရ ရောဂါပိုးကို သယ်ဆောင်တဲ့ ခြင်များကနေ တစ်ဆင့်ကူးဆက်ခြင်း ဖြစ်ပြီး ယင်း ရောဂါ အကူးဆက် ခံထားရတဲ့ လူတွေကလည်း အခြားလူတွေကို ပြန်လည်ကူးဆက်စေပါတယ်။ ဥပမာ လိင်မှ တစ်ဆင့်လည်း ကူးဆက်တတ် ပါတယ်။ ယင်း ခြင်များဟာ ငှက်ဖျားရောဂါပိုးကို သယ်ဆောင်နိုင်တဲ့ ခြင်များနဲ့အတူတူပဲ ဖြစ်ပါတယ်။

Zeka ရောဂါရရှိပြီဆိုရင် တစ်ပတ်မှ တစ်လအထိ ခေါင်းမူးခြင်း၊ မျက်လုံးနီခြင်း၊ အန်ခြင်းတို့လောက်သာ ဖြစ်ပြီး လူကို ဘာမှ သိသိသာသာ မဖြစ်စေပါဘူး။ ဒါပေမယ့် အမျိုးသမီးများ အနေနဲ့ ကလေးမွေးတဲ့အခါ ကလေးများဟာ သာမန်များနဲ့မတူပဲ ဦးခေါင်းခွံ သေးနေခြင်းနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီတော့ ဦးနှောက်လည်း သေးပါတယ်။ မျိုးဆက်တောက်လျှောက် ယင်း ဦးခေါင်းခွံသေးတဲ့ ပြဿနာကြောင့် အသက်တိုခြင်း၊ ဥာဏ်ထိုင်းခြင်း၊ ရောဂါထူခြင်းတို့ပါ ဖြစ်မှာ ဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံမှာ ယင်း ရောဂါ ဗိုင်းရက်စ်ကိ ထိတွေ့နေရသူပေါင်း တစ်သန်းကျော်ပြီလို့ WHO မှ စာရင်းထုတ်ပြန်ထားပြီး ရောဂါကို ခန္ဓာကိုယ်မှာ ကြိမ်းသေ သယ်ဆောင်ထားသူက ၄ထောင်ကျော် ရှိပါတယ်။ အမေရိကန်မှာလည်း ရောဂါရှိသူ တစ်ဦးတွေ့ပြီဖြစ်ပြီး၊ ဥရောပမှာဆိုရင်လည်း စပိန်မှာ တွေ့ပြီ ဖြစ်ပါတယ်။ ဗြိတိန်မှာလည်း ရောဂါသယ်ဆောင်ထားသည်ဟု သံသယရှိသူ ၈ ဦးရှိပါပြီ။ သူတို့ဟာ ဗိုင်းရက်စ်ပြန့်ပွားတဲ့ ဘရာဇီး၊ ကိုလီဘီယာနဲ့ အခြားသော တောင်အမေရိကန် န်ိုင်ငံအချို့ကနေ ပြန်လာကြသူများ ဖြစ်ပါတယ်။

အရှေ့တောင် အာရှမှာဆိုရင်လည်း ထိုင်းနိုင်ငံဟာ ရောဂါဝင်ရောက်မှုအနီးစပ်ဆုံး ဖြစ်ပြီး မြန်မာပြည်ကို ရောက်မလာဘူးလို့လည်း မပြောနိုင်ပါဘူး။ ဒါကြောင့်မို့ အားလုံး သတိနဲ့ နေထိုင်ရန် လိုအပ်ပါတယ်။ သူ့အတွက် ကုစရာဆေးလည်း မတွေ့သေးပါဘူး။ သုတေသနများ ပြုလုပ်နေပေမယ့် တိတိကျကျ ရေရေရာရာ ကြေညာထုတ်ပြန်တဲ့ ဆေးမရှိသေးပါဘူး။

အကယ်၍ ဆေးရှိလည်း နောင် ၁၀ နှစ်ကြာမှာ ရောဂါကို အပြီးနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ တစ်ချိန်တုန်းက ပိုလီယို ရောဂါကို တိုက်ဖြတ်ခဲ့တဲ့ ကြာချိန်နဲ့ သိပ်မကွာ ပါဘူး။ ရောဂါရှိပြီးသွားရင်လည်း ဘယ်တော့မှ ကိုယ်ဝန်မဆောင်တော့ရန်အထိ တားမြစ်ကြပါတယ်။ ရောဂါပျောက်ဆေးတွေ့ခဲ့ရင်တော့ ကုသပြီးရင်တောင် ပြန်လည် ကိုယ်ဝန်ဆောင်ဖို့အတွက် အနည်းဆုံး ၈ နှစ်စောင့်ဆိုင်းရန်လည်း လိုအပ်ကြောင်းလည်း ခန့်မှန်းထားကြ ပါတယ်။

ရောဂါရှိနိုင်ချေ နိုင်ငံများမှာ ရှိတဲ့ လူတွေဟာ ခြင်အကိုက် မခံရအောင် ဝတ်ဆင်နေထိုင်ခြင်း၊ ရောဂါကူးဆက်သူများနဲ့ နှီးနှောမှုကို သတိထားခြင်းတို့ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top