ချစ်ခင်ရသူတစ်ဉီးဆုံးရှုံးလိုက်ရပြီးနောက် အလုံပိတ်ကားပေါ် အိမ်ဆောက်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ကောင်မလေး

30.1.2021yyl27.jpg

UK က အသက် ၂၁ နှစ် အရွယ် ငယ်ရွယ်ချောမောတဲ့ ကောင်မလေးဟာ သူကိုယ်တိုင် အလုံပိတ်ကားပေါ် အိမ်သစ်တစ်ခုဆောက်မယ့် စိန်ခေါ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒီလို အလုံပိတ်ကားပေါ်အိမ်ဆောက်လုပ်ဖြစ်ခဲ့တာကတော့ သူ့ရဲ့ဝမ်းနည်းစရာ ကိုယ်ရေးကိုယ်တာ တစ်ခုကြောင့်ပါ။ သူဟာ သူနဲ့အရမ်းရင်းနှီးတဲ့ အဘွားကို ဆုံးရှုံးလိုက်ရပါတယ်။ သူ့အဘွားကို ဆုံးရှုံးလိုက်ရပြီးတဲ့နောက်မှာ ရေဖိုး၊မီးဖိုးပေးချေပြီးနေနေရတဲ့ ဘဝက တိုတောင်းလွန်းတဲ့အတွက် သူ့ဘဝမှာ အပြောင်းအလဲအသစ်တစ်ခုပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ အလုံပိတ်ကားထဲမှာ အိမ်ဆောက်ပြီး နေထိုင်ဖြစ်ခဲ့တာပါ။

အဲဒီကောင်မလေးကတော့ အာမီ (Ame) ပါ။ အာမီက ” လွန်ခဲ့တဲ့ ၃ နှစ်ကျော်နီးပါးကတည်းက YouTube မှာ ကားပေါ်အိမ်ဆောက်ပြီး နေထိုင်တဲ့လူနေမှုပုံစံအကြောင်း မြင်တွေ့ခဲ့ပြီး သဘောကျနေခဲ့တာပါ။ ကျွန်မ့အဘွားကွယ်လွန်သွားခဲ့တဲ့အချိန်၊ ကျွန်မရဲ့ဘဝ နိမ့်ကျသွားတဲ့အခါမှာတော့ အသက်ရှင်ဖို့ ဘဝက တိုတောင်းလွန်းတယ်ဆိုတာ နားလည်လိုက်ရတယ်။ စွန့်စားမှုလုပ်ရတဲ့ဘဝမျိုး လိုချင်ခဲ့တယ်။ ဒါကြောင့် အလုံပိတ်ကားပေါ် နေထိုင်ခြင်းဖြင့် အကြွေးကင်းတယ်သူဖြစ်နိုင်တယ်လို့ တွေးထင်ခဲ့တယ်။ နေရာတိုင်း၊ ဘယ်နေရာမဆို သွားလာနေထိုင်နိုင်တယ်” လို့ သူ့အကြောင်း ပြောပြခဲ့ပါတယ်။

အာမီက ပေါင် ၅၀၀၀ နဲ့ Ford Transit ကား ၁စီးကို ဝယ်ယူခဲ့ပြီး အိမ်ဆောက်လုပ်ခဲ့ပါတယ်။ အိမ်ဆောက်ဖို့ လိုအပ်တဲ့ သစ်သားပြားတွေက ၁၄ ပေါင်သာ ကုန်ကျခဲ့ပါတယ်။ အပိုပစ္စည်းအားလုံးက ထပ်ပေါင်းအနေနဲ့ ပေါင် ၂၀၀၀ ကုန်ကျပါတယ်။ အရမ်းဈေးတယ်လို့ ယူဆလို့ရနိုင်ပါတယ်။ကားပေါ်ဆောက်ထားတဲ့အိမ်အသစ်မှာ မီးဖို၊ ဘေစင်၊ ဗီရိုနဲ့ ပလပ်ပေါက်တွေလည်း တပ်ဆင်ထားပါတယ်။ အခန်းဒေါင့်လေးမှာလည်း ရေချိုးလို့ရအောင်လုပ်ထားပါတယ်။ ကြမ်းခင်းအောက်မှာ ရေပိုက်တွေ သွယ်တန်းထားတဲ့အပြင် မီးရရှိဖို့အတွက် ဆိုလာစနစ်လည်း တပ်ဆင်ထားပါတယ်။ အိပ်ခန်းလေးလည်း ပြင်ဆင်ထားပါတယ်။

“အခုဆိုရင် ကျွန်မ ကားထဲ နေထိုင်ရတာ အသားကျနေပါပြီ။ လွန်ခဲ့တဲ့ ၃ နှစ် က အိပ်မက်မက်ခဲ့တဲ့ ဘဝမျိုးနေထိုင်နိုင်ဖို့အတွက် ကျွန်မတစ်ယောက်တည်း အလုံပိတ်ကားထဲမှာ အိမ်ဆောက်လုပ်ပြီးစီးနိုင်ခဲ့တာကို မယုံနိုင်ဖြစ်နေတုန်းပါပဲ။ ကျွန်မရဲ့ကားက ကျွန်မ တကယ်ဖြစ်လာဖို့ မျှော်လင့်ထားတဲ့ အရာအားလုံးပါပဲ။ ဒါက ကျွန်မ နေထိုင်ဖူးသမျှမှာ ဈေးအသက်သာဆုံးနဲ့ အကောင်းဆုံးနည်းလမ်းပါပဲ။ ဒါကို သဘောကျတယ်” လို့ အာမီက ဆိုပါတယ်။ ဂီဂီ ဆိုတဲ့ ခွေးလေးကလည်း ကားပေါ်က အိမ်လေးမှာ အာမီကို အဖော်ပြုနေထိုင်ပေးနေပါတယ်။

Ref: Boredpanda “After A Personal Loss, UK Girl Decided Life’s Too Short And Built An Adventurous Home In A Van On Her Own”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top