အိုင်ယာလန်လက်ဝှေ့သမား လုခ်ကီလာနဲ့ လက်ဝှေ့ပွဲထိုးဖို့ မက်ဂရီဂေါ် သဘောတူပြီလို့ ဆို

69370668_2546492678714970_3613284870056312832_n.jpg

သိုင်းပေါင်းစုံ ကစားသမား မက်ဂရီဂေါ်က လက်ဝှေ့ပွဲထိုးသတ်ဖို့ သဘောတူညီခဲ့တယ်လို့ သူ့ရဲ့ပြိုင်ဘက်လောင်း လုခ်ကီလာက ပြောပါတယ်။ တွစ်တာပေါ်မှာ စကားလုံးတိုက်ပွဲဖြစ်ခဲ့ပြီးနောက် ဒေါသတကြီး ဖုန်းခေါ်ဆိုရာမှာ လက်ဝှေ့ပွဲထိုးသတ်ဖို့ သဘောတူညီခဲ့တာလို့ ဆိုပါတယ်။

UFC စူပါစတား မက်ဂရီဂေါ်ဟာ ရုရှားကိုယ်ခံပညာရှင် နာမာဂိုမီဒေါ့ဗ်ကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း တစ်ပွဲမျှ ထိုးသတ်ခဲ့ခြင်းမရှိပါဘူး။ UFC ပြိုင်ပွဲရဲ့ ဝိတ်တန်း ၂ တန်းမှာ ချန်ပီယံဖြစ်ခဲ့တဲ့ မက်ဂရီဂေါ်က ဘားဆိုင်မှာ သက်ကြီးရွယ်အိုတစ်ယောက်ကို ထိုးကြိတ်ခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး အိုင်ယာလန်လက်ဝှေ့သမား လုခ်ကီလာက မှတ်ချက်ပေးရင်းနဲ့ သူတို့နှစ်ယောက်ကြား ပြဿနာစခဲ့တာပါ။
မက်ဂရီဂေါ်ကို ကိုယ့်အဆင့်ကိုယ်သိအောင် ထိုးပြသွားမယ်လို့ အိုင်ယာလန်လက်ဝှေ့သမား လုခ်ကီလာက ဆိုပါတယ်။

အသက် ၃၂ နှစ်ရှိတဲ့ လုခ်ကီလာဟာ WBO ဥရောပမစ်ဒယ်ဝိတ်တန်း ချန်ပီယံဖြစ်ပြီး ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းမှာ အဆင့် ၅ သတ်မှတ်ခံထားရသူပါ။ သူဟာ ရှုံးပွဲ ၂ ပွဲပဲ ကြုံခဲ့ဖူးပါတယ်။ ”ပြောတဲ့အတိုင်းလုပ်ဖို့ ကျွန်တော့်ဘက်က အသင့်ပါပဲ။ မက်ဂရီဂေါ် ယောကျ်ား ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာပဲ ကြည့်ရမှာပါ။ ကျွန်တော့်ဘက်က ကိစ္စမရှိပါဘူး”လို့ လုခ်ကီလာက ပြောပါတယ်။ မက်ဂရီဂေါ်ဟာ အရင်တုန်းက ပွဲတိုင်းနိုင် လက်ဝှေ့သမား မေဝယ်သာနဲ့ ထိုးသတ်ခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top