စပိန်ကို ၆ ဂိုးပြတ် ရှုံးနိမ့်တာ ဂျာမနီအသင်း အမှောင်ဖုံးခဲ့တဲ့နေ့ပဲလို့ နည်းပြဂျိုအာချင်လို ပြော

19-11-2020-yyl-010.jpg

စပိန်အသင်းကို ၆ ဂိုးပြတ် ရှုံးနိမ့်မှုဟာ ဂျာမနီအတွက် အမှောင်ဖုံးတဲ့နေ့ ဖြစ်ခဲ့တယ်လို့ ဂျာမနီနည်းပြ ဂျာအာချင်လိုက ပြောခဲ့ပါတယ်။ စပိန်နဲ့ပွဲမှာ သရေတစ်မှတ်ရရင် Nations League ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရမယ့် ဂျာမနီအသင်းဟာ ပထမပိုင်းမှာ ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့သလို ဒုတိယပိုင်းမှာလည်း ၃ ဂိုးထပ်ပေးခဲ့ရလို့ သူတို့အသင်းသမိုင်းမှာ ၈၉ နှစ်အတွင်း အဆိုးရွားဆုံးရှုံးပွဲ၊ ပြိုင်ပွဲအဖြစ် ကစားခဲ့တဲ့ပွဲစဉ်တွေမှာ အကြီးမားဆုံး ရှုံးနိမ့်မှု ကြုံခဲ့ရတာပါ။

” ကျွန်တော်တို့အသင်း ဘာဖြစ်သွားလဲဆိုတာ တကယ်မသိပါဘူး။ ဒီပွဲမှာ အခွင့်အရေးလည်း သိပ်မရဘူး။ ကွင်းထဲမှာ တစ်ယောက်ချင်း ရင်ဆိုင်တော့လည်း အသာမရခဲ့ဘူး။ ဒါက ကျွန်တော်တို့အတွက် အမှောင်ဖုံးလွှမ်းတဲ့နေ့ရက်ပါ။ ဒုတိယပိုင်းမှာ သူတို့ကို ဖိကစားတော့လည်း စပိန်ကစားသမားတွေက ကျွန်တော်တို့ထက် ပိုကောင်းနေပြန်တယ်။ ပိုလည်းမြန်တယ်။ ပိုလည်း တိကျတယ်” လို့ ဂျိုအာချင်လိုက ပြောပါတယ်။

စပိန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ ဂျာမနီလက်ရွေးစင်ကစားသမားဟောင်း အိုဇေးလ်က ခံစစ်မှူး ဂျရုန်းဘိုတန်ကို ပြန်ခေါ်ချိန်တန်ပြီလို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ဂျာမနီနည်းပြ ဂျိုအာချင်လိုဟာ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဂျရုန်းဘိုတန်ကို လက်ရွေးစင်အသင်းကနေ အံ့အားသင့်ဖွယ် ထုတ်ပယ်ခဲ့တဲ့ဖြစ်ရပ်အတွက် အိုဇေးလ်က ဂျိုအာချင်လိုကို ထောက်ပြဝေဖန်ခဲ့တာပါ။

ရီးရဲလ်အသင်းရဲ့ ဂျာမနီကွင်းလယ်လူ တိုနီခရူးစ်ကလည်း စပိန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲဟာ သူ့ရဲ့ကစားသမားဘဝမှာ အဆိုးရွားဆုံးပွဲစဉ်တစ်ပွဲဖြစ်ပြီး ထိခိုက်နာကျင်မိတယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top