(၃) အာကာသပတ်လမ်းမှာရောက်ရှိနေတဲ့ MyanmarSat–2 ဂြိုဟ်တုကို အောက်တိုဘာလအတွင်း စတင် အသုံးပြုနိုင်ဖို့ ဆောင်ရွက်နေတဲ့သတင်း

yyl59030.jpg

(၃) MyanmarSat–2 ဂြိုဟ်တုကို သြဂုတ် ၇ ရက်၊ မွန်းလွဲ ၂ နာရီက အောင်မြင်စွာလွှတ်တင်နိုင်ခဲ့၍ အာကာသပတ်လမ်းတွင် ရောက်ရှိနေပြီဖြစ်သော်လည်း လိုအပ်သည့် စမ်းသပ်စစ်ဆေးခြင်းများကို ဆောင်ရွက် လျက်ရှိရာ အောက်တိုဘာ ၁၅ ရက်တွင် စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်နိုင်ရေး အကောင်အထည်ဖော်ရန် အဆင့်(၃)ဆင့်ဖြင့် ဆောင်ရွက် လျက်ရှိရာ MyanmarSat–2 ဂြိုဟ်တုလွှတ်တင်နိုင်ခြင်းသည် ဒုတိယအဆင့်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်း ကုန်ကျမည်ဖြစ်သည့်အတွက် အရစ်ကျငွေပေးချေခြင်းစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

MyanmarSat-2 ဂြိုဟ်တုတွင် မြန်မာနိုင်ငံအတွက် အသုံးပြုနိုင်သည့် C-Band လိုင်းအင်အား ၄၃၂ MHz နှင့် Ku-Band လိုင်းအင်အား ၄၃၂ MHz တို့ ပါဝင်ပြီး အဆိုပါလိုင်းများကို ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေး အန္တရာယ်၊ သစ်တောကဏ္ဍ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်အတွက် လိုအပ်သည့် အခြား ကဏ္ဍများတွင် အကျိုးရှိစွာ အသုံးပြုသွားမည်ဖြစ်သည်။
တတိယအဆင့်အနေဖြင့် မြန်မာနိုင်ငံမှ အလုံးစုံပိုင်ဆိုင်သည့် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရေးအတွက် ဂျပန်နိုင်ငံ၊ Hokkaido တက္ကသိုလ်က ကမ်းလှမ်းထားသည့်အပြင် သက်ဆိုင်ရာဝန်ကြီးဌာနမှလည်း ဘတ်ဂျက် လျာထားပြီးဖြစ်သည့်အတွက် လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top