အန်ဒီရုဇ်ဂျူနီယာနဲ့ ထိုးသတ်မယ့် အန်သိုနီဂျိုရှုအာ

58656826_2355078264523080_2991394900043366400_n.jpg

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ အန်သိုနီဂျိုရှုအာဟာ ဇွန်လ (၁) ရက်နေ့ကျရင် နယူးယော့ခ်မြို့ရဲ့ မက်ဒီဆင်စကွဲဂါးဒင်းမှာ မက္ကဆီကိုလက်ဝှေ့သမား အန်ဒီရုဇ်ဂျူနီယာနဲ့ ထိုးသတ်တော့မှာပါ။အန်သိုနီဂျိုရှုအာဟာ အစောပိုင်းမှာ ကလေးဆိုးကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ ဂျာရဲလ်မီလာနဲ့ ထိုးသတ်ဖို့ ရည်ရွယ်ထားပေမဲ့ ဂျာရဲလ်မီလာက ဆေးကျခဲ့လို့ပွဲပျက်ခဲ့ပြီး သူ့နေရာမှာ အန်ဒီရုဇ်ဂျူနီယာက အစားထိုးခွင့်ရရှိခဲ့တာပါ။

အန်သိုနီဂျိုရှုအာနဲ့ အန်ဒီရုဇ်ဂျူနီယာတို့ပွဲစဉ်မှာ အန်သိုနီဂျိုရှုအာက WBA ၊ IBF ၊ WBO၊ IBO ချန်ပီယံခါးပတ်တွေကို ကာကွယ်ရမှာပါ။ အန်ဒီရုဇ်ဂျူနီယာကတော့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ပိုင်ဆိုင်တဲ့ ပထမဆုံး မက္ကဆီကိုလက်ဝှေ့သမားဖြစ်လာမယ့်အခွင့်အရေးရှိနေပါတယ်။ အန်ဒီရုဇ်ဂျူနီယာကို လူသိနည်းပါတယ်။ သူဟာ ဂျိုရှုအာထက် အရပ် (၃) လက်မ ပိုနိမ့်ပါတယ်။

ဒါပေမဲ့ လက်သီးချက်မြန်ဆန်လွန်းပြီး သူ့ရဲ့နိုင်ပွဲမှတ်တမ်းကလည်း ကောင်းမွန်ပါတယ်။ အသက် (၂၉) နှစ်အရွယ်ရှိတဲ့ အန်ဒီရုဇ်ဂျူနီယာဟာ ကစားသမားဘဝမှာ တစ်ပွဲပဲ ရှုံးနိမ့်ခဲ့ဖူးပြီး (၃၂) ပွဲ အနိုင်ရခဲ့သူပါ။ နိုင်ပွဲတွေထဲမှာ (၂၁) ပွဲကတော့ အလဲထိုးနိုင်ပွဲရခဲ့တာပါ။ အန်ဒီရုဇ်ဂျူနီယာဟာ နယူးဇီလန်နိုင်ငံမှာ ဂျိုးဇက်ပါကားကို အငြင်းပွားဖွယ် ရှုံးနိမ့်ခဲ့တာပါ။ ဂျိုးဇက်ပါကားဟာ ဂျိုရှုအာကို (၁၂) ချီအပြည့် တောင့်ခံထိုးသတ်နိုင်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top