အိုးထရက်ဖို့ဒ်ကွင်းပွဲကြည့်စင်မှာ ပရိသတ် ၄၀,၀၀၀ ကျော်ရဲ့ ပုံရိပ်တွေကို ပေါင်းစပ်ဖော်ပြ

24-6-2020-yyl-055.jpg

ရှက်ဖီးယူနိုက်တက်နဲ့ ကစားမယ့်ပွဲစဉ်အတွက် အိုးထရက်ဖို့ဒ်ကွင်း ပွဲကြည့်စင်မှာ ပရိသတ် ၄၀,၀၀၀ ကျော်ရဲ့ ဓာတ်ပုံတွေကို ပေါင်းစပ်ဖော်ပြထားပါတယ်။ ဒီနေ့ည မြန်မာစံတော်ချိန် ၁၁ နာရီခွဲအချိန်မှာ ကစားမယ့် မန်ယူ-ရှက်ဖီးယူနိုက်တက်ပွဲစဉ်ဟာ ၃ လခွဲကြာကာလအတွင်း အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားတဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်လာမှာပါ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအရိပ်ဆိုးရဲ့ လွှမ်းမိုးမှုအောက်ကနေ ရုန်းထွက်နိုင်ဖို့ ရည်ရွယ်ပြီး ပွဲကြည့်စင်မှာ ပရိသတ်ပုံရိပ်တွေ ပေါင်းစပ်ဖော်ပြဖို့ စီစဉ်ခဲ့တာပါ။ အဲဒီပုံဖော်မှုမှာ ပါဝင်နိုင်ဖို့အတွ့် ကမ္ဘာ့နိုင်ငံ ၁၉၃ နိုင်ငံရဲ့ ပရိသတ် ၄၀၀၀၀ ကျော်က သူတို့ရဲ့ဓာတ်ပုံတွေကို မန်ယူအသင်းထံ ပေးပို့ခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်ကွင်း ပွဲကြည့်စင်ပေါ်မှာ ရှေ့တန်းကနေ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ လူမျိုးရေးခွဲခြားမှုဆန့်ကျင်လှုပ်ရှားရေးမှာ ပါဝင်ပံ့ပိုးနေသူတွေကို ဂုဏ်ပြုတဲ့ စာတန်းတွေလည်း ချိတ်ဆွဲဖော်ပြမယ်လို့ ဆိုပါတယ်။

စထရက်ဖို့ဒ်အန့် ပွဲကြည့်စင်မှာတော့ ဂန္ထဝင်နည်းပြဟောင်း ဆာမတ်ဘတ်စ်ဘီရဲ့” ပရိသတ်မရှိရင် ဘောလုံးပွဲရဲ့အဓိပ္ပာယ်နတ္တိ”ဆိုတဲ့ စာသားကို ချိတ်ဆွဲထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလမှာ မန်ယူအသင်းနဲ့ မန်ယူဖောင်ဒေးရှင်းတို့က အစားအစာတွေ ဝေငှရေး၊ သက်ကြီးရွယ်အို ပရိသတ်တွေရဲ့အကျိုးဆောင်ရွက်ပေးရေး၊ ဗြိတိန်အမျိုးသားကျန်းမာရေးအဖွဲ့ ဝန်ထမ်းတွေအတွက် အိုးထရက်ဖို့ဒ်ကွင်း မီးဖိုချောင်မှာ စားနပ်ရိက္ခာ အနပ်ပေါင်း ၆၀၀၀၀ ကျော် ပြင်ဆင်ချက်ပြုတ်ပြီး ပေးပို့မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top