ရက်ရှ်ဖို့ဒ် အနားယူရမယ့်အတွက် အေစီမီလန်တိုက်စစ်မှူး ပီယာတက်ကို မန်ယူ ချိန်နေ

hotsports022220.jpg

မန်ယူအသင်းဟာ အေစီမီလန်တိုက်စစ်မှူး ပီယာတက်ကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ကျောရိုးအက်ကွဲမှု ဒဏ်ရာ ကြောင့် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ကာလရှည် အနားယူဖို့ ရှိနေတယ်လို့ သတင်းထွက်လာပြီးနောက်မှာ မန်ယူနည်းပြ ဆိုးလ်ရှားက တိုက်စစ်မှူး တစ်ယောက် ခေါ်ယူဖို့ စိတ်အားထက်သန်လာတာ ဖြစ်ပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကာလမှာ လူကာကူကို ထုတ်ရောင်းပြီး ဆန်းချက်ဇ်ကို အငှား ချခဲ့သလို သူတို့အသင်း ပစ်မှတ်ထားနေတဲ့ ဆဲလ်ဘတ်တိုက်စစ်မှူး ဟာလန်းကိုလည်း ဒေါ့မွန်က ကြားဖြတ်ခေါ်ယူသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ အသက်(၂၄)နှစ်အရွယ်ရှိတဲ့ ပိုလန်တိုက်စစ်မှူး ပီယာတက်ကို ခေါ်ယူဖို့ စပါး၊ နယူးကာဆယ်တို့နဲ့အပြိုင် ကြိုးပမ်းနေရပါတယ်။ စပါး အသင်းကလည်း ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး ဟာရီကိန်းနေရာကို အစားထိုးဖို့ တိုက်စစ်မှူးရှာဖွေနေပြီး ပီယာတက်ကို စိတ်ဝင်စားနေပါတယ်။ ဒါပေမဲ့ ပီယာတက်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)ပေးဖို့ ငြင်းဆန်နေတာလို့ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ကြန့်ကြာနေတာပါ။ နယူးကာဆယ်၊ ဗီလာ၊ ဖီအိုရင်တီးနားအသင်း တွေကလည်း ပီယာတက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမဲ့ ပီယာတက်ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားဖို့ စိတ်အား ထက်သန်နေပါတယ်။ အေစီမီလန်အသင်းက ပီယာတက်ကို အပြီးသတ်ခေါ်ယူဖို့ စိတ်အားထက်သန်နေပြီး ပြောင်းရွှေ့ကြေး ပေါင်(၃၅)သန်း သတ်မှတ်ထား ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံမှာ ဂိုး(၃၀)သွင်းနိုင်ခဲ့တဲ့ ပီယာတက်ဟာ ဒီရာသီမှာ အေစီမီလန်အတွက် ပြိုင်ပွဲစုံ(၁၉)ပွဲ ကစားပြီး(၅)ဂိုးပဲ သွင်းယူနိုင်ခဲ့ ပါတယ်။

Nz (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top