“Teach You a Lesson” ဇာတ်လမ်းတွဲမှ ဗီလိန်မင်းသား လီဆောင်ဂယူ က ကျောင်းတွင်းအကြမ်းဖက်ခံရသူတွေအတွက် လှူဒါန်း

back.jpg

ဇာတ်လမ်းထဲမှာ ကျောင်းတွင်းအကြမ်းဖက်အနိုင်ကျင့်သူက အပြင်လောကမှာတော့ ကျောင်းတွင်းအကြမ်းဖက်ခံရသူတွေအတွက် အဓိပ္ပာယ်ရှိတဲ့ပံ့ပိုးကူညီမှုလုပ်ဆောင်ခဲ့ပါတယ်။ သူကတော့ Netflixရဲ့ ‘Teach You a Lesson’ ဇာတ်လမ်းတွဲပထမအပိုင်းမှာ ပါဝင်ခဲ့တဲ့ မင်းသား လီဆောင်ဂယူပါပဲ။

ဆောင်ဂယူက အဲ့ဒီဇာတ်လမ်းတွဲမှာ ကျောင်းတွင်းအကြမ်းဖက်အနိုင်ကျင့်သူ ရူဂျွန်ဟွန်း အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ သူက ရက်စက်တဲ့ဗီလိန်ဇာတ်ကောင်ကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ အခုဆို သူဟာ ကျောင်းတွင်းအကြမ်းဖက်ခံရသူတွေအတွက် ပံ့ပိုးပေးနေတဲ့၊ အနိုင်ကျင့်ခံရမှုကို ကာကွယ်ဖို့ လုပ်ဆောင်တဲ့ အဖွဲ့အစည်း BTF Blue Tree Foundation ဆီငွေလှူဒါန်းခဲ့ပါတယ်။ လှူဒါန်းငွေပမာဏကိုတော့ ထုတ်ပြောထားခြင်းမရှိပါဘူး။

“သရုပ်ဆောင်တာကနေတဆင့် ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ နာကျင်မှုကို လက်တွေ့ကမ္ဘာမှာ အထောက်အပံ့အဖြစ် ပြောင်းလဲချင်ပါတယ်။ ဇာတ်လမ်းတွဲပြီးသွားတာတောင် ကျွန်တော် မေ့သွားမှာမဟုတ်ပါဘူး”လို့ ဆောင်ဂယူက ပြောပါတယ်။

“Teach You a Lesson”ဇာတ်လမ်းတွဲက ကိုရီးယားပညာရေးစနစ်တွင် ဆရာတွေရဲ့ အခွင့်အာဏာကျဆင်းလာပြီး ကျောင်းတွင်းအကြမ်းဖက်မှုများ မြင့်တက်လာသော အခြေအနေကို ပုံဖော်ထားတာပါ။ ဆရာတွေရဲ့အခွင့်အရေးကာကွယ်ရေးဗျူရိုလို့ ခေါ်တဲ့ အစိုးရအေဂျင်စီတစ်ုခကို တည်ထောင်ထားတဲ့ ဇာတ်အိမ်ကို တည်ထားပါတယ်။ အထူးစစ်ဆင်ရေး ကျွမ်းကျင်မှုတွေကို အသုံးပြုပြီးတော့ ကျောင်းတွင်းလူမိုက်ဂိုဏ်းတွေကို ပညာပေး နှိမ်နင်းဖြေရှင်းတဲ့ဇာတ်လမ်းကောင်းလည်းဖြစ်ပါတယ်။

Ref: ‘Teach You a Lesson’ villain actor Lee Seung Gyu donates to school violence victims

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top