ONE Championship မှ ကူညီပံ့ပိုးပေးသော ကမ္ဘာ့အားကစားဈေးကွက်ဆိုင်ရာဆွေးနွေးပွဲသို့ နာမည်ကျော်အိုလံပစ်ချန်ပီယံ မိုက်ကယ်ဖဲလ်တက်ရောက်မည်

gettyimages-585570870.jpg

နာမည်ကျော် အမေရိကန်အိုလံပစ်ရေကူးချန်ပီယံ မိုက်ကယ်ဖဲလ်

လာမည့်မေလ ၁၆၊ ၁၇ ရက်များတွင် စင်္ကာပူနိုင်ငံ၌ကျင်းပမည့် ဒုတိယအကြိမ်ကမ္ဘာ့အားကစား ဈေးကွက်ဆိုင်ရာဆွေးနွေးပွဲ “Nielsen Presents: What’s Next in Global Sports” ကို ONE Championship မှ (presenting sponsor) အဖြစ်ပံ့ပိုးပေးခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ နာမည်ကျော် အမေရိကန်အိုလံပစ်ရေကူးချန်ပီယံ မိုက်ကယ်ဖဲလ်တက်ရောက်မည်ဖြစ်သည်။

ဆွေးနွေးပွဲတွင် ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားဆိုင်ရာစီးပွားရေးသမားများ၊ အေဂျင်စီများနှင့် ရုပ်သံထုတ်လွှင့်သူများ တက်ရောက်မည်ဖြစ်သည်။ ကမ္ဘာ့အားကစားဈေးကွက်ကို မောင်းနှင်နေသည့် ထိပ်တန်းဈေးကွက်အခြေအနေများနှင့် ကုမ္ပဏီများအနေဖြင့် အချက်အလက်အခြေပြု ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်များကို မည်သို့ တိုးမြှင့်လုပ်ဆောင်နေသည်ကို ဆွေးနွေးမည်ဖြစ်သည်။

ဖိတ်ကြားခံရသူများသာတက်ရောက်မည့် အဆိုပါနှစ်ရက်ကြာဆွေးနွေးပွဲအား နာမည်ကျော် အမေရိကန်နည်းပညာကုမ္ပဏီဖြစ်သည့် ဂူဂဲလ်မှအမှုဆောင်များ၊ PGL Sports ၊ Holcim Philippines နှင့် Great Sports စသည့်အဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ကြမည်ဖြစ်သည်။

ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားကို အိုလံပစ်အဆင့်သို့တိုးမြှင့်နိုင်ရေးအတွက် ONE Championship သည် ယခုလအတွင်း ကမ္ဘာလုံးဆိုင်ရာကိုယ်ခံပညာသိုင်းပေါင်းစုံ (GAMMA) အဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းအဖြစ် ပူးပေါင်းခဲ့သည်။ ယခုဆွေးနွေးပွဲတွင်လည်း အိုလံပစ်သမိုင်းတစ်လျှောက်အကျော်ကြားဆုံးဟုဆိုရမည့် အားကစားသမားတစ်ဦးဖြစ်သော မိုက်ကယ်ဖဲလ် ပါဝင်ဆွေးနွေးမည်ဖြစ်သည်။

နာမည်ကျော် အမေရိကန်အိုလံပစ်ရေကူးချန်ပီယံ မိုက်ကယ်ဖဲလ်

“အားကစားနဲ့စီးပွားရေးလောကရဲ့ထိပ်သီးပုဂ္ဂိုလ်တွေပါဝင်ဆွေးနွေးကြမယ့် What’s Next in Global Sports ကွန့်ဖရန့်ကို စင်္ကာပူနိုင်ငံမှာ အခုနှစ်စဉ်ကျင်းပနိုင်အောင် Nielsen နဲ့ အနီးကပ်ပူးပေါင်းပြီး ဆောင်ရွက်ခွင့်ရတာကြောင့် ONE Championship အနေနဲ့ အများကြီးဂုဏ်ယူမိပါတယ်” ဟု အမှုဆောင်အရာရှိချုပ် နှင့် ဥက္ကဋ္ဌဖြစ်သူ Chatri Sityodtong မှ ပြောကြားခဲ့သည်။

အားကစားသမားများ၊ အားကစားနယ်ပယ်မှ ဦးစီးဦးဆောင်ပုဂ္ဂိုလ်များ၊ မီဒီယာအမှုဆောင်များနှင့် စပွန်ဆာများ အနေဖြင့် ဖိတ်ကြားခံရသူများသီးသန့်ဆွေးနွေးပွဲအတွက် ၂၀၁၉ခုနှစ်၊မေလ ၃ရက် နောက်ဆုံးထား၍ အကြောင်းကြားဆက်သွယ်ရမည်ဖြစ်ပါသည်။ အဆိုပါဆွေးနွေးပွဲကို တက်ရောက်ရန် စိတ်ဝင်စားသည့်ပုဂ္ဂိုလ်များအနေဖြင့် [email protected] အီးမေးလ်သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ ထို့အပြင် အသေးစိတ်အချက် အလက်များအား http://nielsen.com/whats-next-in-global-sports ဝက်ဘ်ဆိုက်ဒ်တွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top