ကန့်ကွက်မှုတွေကြောင့် ဆင် (၄) ကောင်ကို ရထားနဲ့ခေါ်ဆောင်မယ့်ခရီးစဉ် ဆိုင်းငံ့

65109567_2451200284910877_856823968139575296_n.jpg

ဘုရားလှည့်ရာမှာ ပါဝင်ဖို့ ဆင် (၄) ကောင်ကို မိုင် (၁၉၂၆) အကွာအဝေးအထိ ရထားနဲ့ ခေါ်ဆောင်မယ့် အစီအစဉ်အပေါ် ကန့်ကွက်မှုတွေ ရှိလာခဲ့ပြီးနောက်မှာ အာသံပြည်နယ် သားရဲတိရစ္ဆာန် အာဏာပိုင်တွေက အဲဒီအစီအစဉ်ကို ဆိုင်းငံ့လိုက်ပါတယ်။

ဆင် (၄) ကောင်ကို အာသံပြည်နယ် တူဆီကီယာမြို့ကနေ ဂူဂျာရတ်ပြည်နယ် အာမီဒါဘတ်မြို့ကို ပို့ဆောင်မှာဖြစ်ပြီး ရထားခရီးစဉ်က (၃၊ ၄) ရက်ကြာမြင့်နိုင်ပါတယ်။ ရထားလမ်းကြောင်းတစ်လျှောက် နေရာတော်တော်များများမှာ အပူချိန် (၄၀) ဒီဂရီလောက်ရှိနေလို့ ဆင်တွေရဲ့ အသက်အန ္တရာယ်ကို ထိခိုက်နိုင်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဆင်တွေကို မိုင်ထောင်ချီအကွာအဝေးအထိ ရထားနဲ့ တင်ခေါ်မယ့်အစီအစဉ်က ရက်စက်ပြီး လူမဆန်ဘူးလို့ တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ခဲ့ကြပါတယ်။ အဲဒီအစီအစဉ်ကို ဆိုင်းငံ့လိုက်တဲ့ လုပ်ရပ်ကို သူတို့တွေက ကြိုဆိုခဲ့ပါတယ်။

ဂူဂျာရတ်ပြည်နယ်မှာ မွေးထားတဲ့ ဆင် (၃) ကောင်က အရွယ်အိုမင်းပြီး ကွယ်လွန်သွားလို့ အာသံပြည်နယ်က ဆင် (၄) ကောင်ကို (၂) လ ကြာ ငှားရမ်းရတာဖြစ်တယ်လို့ ဂျန်ဂါနက်ဘုရား ဂေါပကတစ်ဦးက ပြောပါတယ်။ အရင်တုန်းက ဂျန်ဂါနက်ဘုရားပွဲလှည့်ရင် ဂူဂျာရတ်ပြည်နယ်သားဖြစ်တဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီ လာရောက်လေ့ရှိပေမဲ့ ဒီနှစ်တော့ လာရောက်ဖို့ မရှိဘူးလို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top