လော့စ်အိန်ဂျလိစ်မြို့မှာ နေထိုင်သူအားလုံးကို COVID-19 ရောဂါ ရှိ၊ မရှိ အခမဲ့စစ်ဆေးပေးမယ်

30-4-2020-yyl-046.jpg

လော့စ်အိန်ဂျလိစ်မြို့မှာ နေထိုင်သူအားလုံးကို ရောဂါလက္ခဏာ ရှိရှိ၊ မရှိရှိ ကိုရိုနာဗိုင်းရပ်စ် အခမဲ့ စစ်ဆေးပေးသွားမယ်လို့ မြို့တော်ဝန်က ကြေညာခဲ့ပါတယ်။ လော့စ်အိန်ဂျလိစ်စီရင်စုမှာ တစ်ရက်အတွင်း COVID-19 ကူးစက်ခံရသူ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ မြို့တော်ဝန် ဂါဆက်တီက အခုလို ကြေညာခဲ့တာပါ။ အရင်က ရောဂါစမ်းသပ်စစ်ဆေးတဲ့ ကိရိယာရှားပါးလို့ မဖြစ်မနေ အလုပ်လုပ်ရသူတွေနဲ့ ရောဂါလက္ခဏာပြသူတွေကိုပဲ ရောဂါစစ်ဆေးပေးနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကယ်လီဖိုးနီးယားပြည်နယ်က အောရိန့်စီရင်စုထဲမှာရှိတဲ့ ကမ်းခြေအားလုံးကို ပိတ်ထားဖို့ ညွှန်ကြားခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ဟာ အမေရိကန်နိုင်ငံမှာ လူဦးရေ အထူထပ်ဆုံးပြည်နယ်ဖြစ်ပြီး ကမ်းခြေတချို့ကို ပိတ်ထားပေမဲ့ အောရိန့်စီရင်စုမှာရှိတဲ့ ကမ်းခြေတချို့ကတော့ ဖွင့်လှစ်ခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ထဲက COVID-19 ကူးစက်ခံရသူ တစ်ဝက်နီးပါးဟာ လော့စ်အိန်ဂျလိစ်စီရင်စုမှာ နေထိုင်သူတွေဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ COVID-19 ကူးစက်ခံရသူ ၄၈၀၀၀ ကျော်ရှိနေပြီး လူ ၁၉၀၀ ကျော် သေဆုံးခဲ့ပါတယ်။ လော့စ်အိန်ဂျလိစ်မြို့ဟာ အမေရိကန်နိုင်ငံမှာ COVID-19 ရောဂါပိုး ရှိ၊ မရှိ အခမဲ့စစ်ဆေးပေးတဲ့ ပထမဆုံးမြို့ကြီးဖြစ်လာမယ်လို့ မြို့တော်ဝန် ဂါဆက်တီက တွစ်တာပေါ်မှာ ရေးထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top