ထူးခြားတဲ့ရည်ရွယ်ချက်ကြောင့် မိတ်ကပ်မလိမ်းဘဲ ပြိုင်ပွဲဝင်ခဲ့တဲ့ အင်္ဂလန် အလှမယ် နောက်ဆုံးအဆင့်ကို တက်လှမ်း

29-8-2022-yyl-03.jpg

အင်္ဂလန် အလှမယ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မိတ်ကပ်မလိမ်းဘဲ ပြိုင်ပွဲဝင်ခဲ့တဲ့ အလှမယ်ဟာ နောက်ဆုံးအဆင့်ကို တက်လှမ်းသွားခဲ့ပါပြီ။ လန်ဒန်မြို့တောင်ပိုင်းမှာ နေထိုင်တဲ့ ကောလိပ်ကျောင်းသူ မီလစ်ဆာရာအုဖ်ဟာ လာမယ့်အောက်တိုဘာလကျရင် နောက်ဆုံးအဆင့်အဖြစ် တခြားပြိုင်ပွဲဝင် ၄၀ နဲ့ ယှဉ်ပြိုင်ရမှာပါ။

” အမျိုးသမီး ကြီးငယ်မရွေး မိတ်ကပ်လိမ်းနေကြတာ ဖိအားတွေကြောင့်ပါ။ ကိုယ့်အသားအရေကို နှစ်သက်ကျေနပ်တယ်ဆိုရင် မိတ်ကပ်ဖုံးနေစရာ မလိုပါဘူး။ ကျွန်မတို့ရဲ့ အပြစ်အနာအဆာတွေကပဲ ကိုယ်ပိုင်ဝိသေသ ဖြစ်စေပြီး အများနဲ့မတူ
တမူထူးခြားစေတာပါ။ စိတ်ကျန်းမာရေးက ကြီးမားတဲ့ အကြောင်းအရာတစ်ခုပါ။ အမျိုးသမီးအားလုံးကို ရွှင်လန်းပေါ့ပါးစေချင်တယ်။ ဒါကြောင့် အလှအပနဲ့ဆိုင်တဲ့ စံနှုန်းအားလုံးကို ကျွန်မ ဖယ်ရှားပစ်ချင်တာပါ။ အမျိုးသမီးတိုင်း ကိုယ့်နည်းကိုယ်ဟန်နဲ့ လှတယ်လို့ ခံစားစေချင်ပါတယ်။ ကျွန်မလုပ်နေတာတွေက အမျိုးသမီးထု တစ်ရပ်လုံးကို ကိုယ်စားပြုတယ်လို့ ခံစားရပါတယ်” လို့ မီလစ်ဆာရာအုဖ်က ပြောပါတယ်။

မီလစ်ဆာရာအုဖ်ဟာ အင်္ဂလန် အလှမယ်ပြိုင်ပွဲ နောက်ဆုံးအဆင့်မှာလည်း မိတ်ကပ်မလိမ်းဘဲ ပြိုင်ပွဲဝင်ဖို့ စီစဉ်နေတယ်လို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့က ပြောပါတယ်။ တခြားသူတွေအားလုံးက မိတ်ကပ်လိမ်းပြီး ပြိုင်ပွဲဝင်ချိန်မှာ မိတ်ကပ်မလိမ်းဘဲ ပြိုင်ပွဲဝင်တဲ့ ရာအုဖ်ရဲ့လုပ်ရပ်က ရဲရင့်ပြတ်သားတယ်လို့ အင်္ဂလန်အလှမယ်ပြိုင်ပွဲ ဒါရိုက်တာ အန်ဂျီဘီယက်စလေက ပြောပါတယ်။

Ref: Miss England Finalist Makes History As Pageant’s First Contestant To Compete Without Makeup

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top