ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်မစခင် ကလပ်တွေကို ခြေစမ်းပွဲ ကစားခွင့်ပေး

3-6-2020-yyl-031.jpg

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် ၃ လကြာ ရပ်နားထားတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဇွန်လ ၁၇ ရက်မှာ ပြန်လည်စတင်တော့မှာပါ။ ပရီးမီးယားလိဂ်ပြိုင်ပွဲမစတင်ခင် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကလပ်အသင်းတွေကို ခြေစမ်းပွဲ ကစားခွင့်ပေးခဲ့ပါတယ်။ ခြေစမ်းပွဲ ကစားခွင့်ပေးခဲ့ပေမဲ့ ကလပ်အသင်းတွေက တင်းကျပ်တဲ့ စည်းမျဉ်းတွေကိုတော့ လိုက်နာရမှာပါ။ အဲဒီစည်းမျဉ်းတွေထဲမှာ ကလပ်အသင်းတွေက အိမ်ကွင်းကနေ မိနစ် ၉၀ ခရီးထက် ပိုကွာဝေးတဲ့ နေရာမှာ ခြေစမ်းပွဲကစားခွင့်မရှိသလို ကစားသမားတွေကလည်း သူတို့ကိုယ်ပိုင်ကားနဲ့ပဲ သွားရမှာပါ။ ခြေစမ်းပွဲတွေကို ဒိုင်အဖွဲ့က တာဝန်ယူကြီးကြပ်မှာမဟုတ်ဘဲ နည်းပြအဖွဲ့ဝင်တွေက ကြီးကြပ်ပေးမှာဖြစ်ပါတယ်။ ခြေစမ်းပွဲတွေ မကစားခင် ဘောလုံးကွင်းတိုင်းကို အန္တရာယ်ဖြစ်နိုင်ခြေ ရှိ၊ မရှိ သုံးသပ်မှုလုပ်မှာပါ။

နယူးကာဆယ်နဲ့ နောဝစ်ချ်အသင်းတွေက တခြားအသင်းတွေနဲ့ ကွာဝေးလွန်းတဲ့အတွက် သူတို့ကို ခြေစမ်းပွဲကစားခွင့် ပေး၊ မပေးဆိုတာကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်က စဉ်းစားနေပါတယ်။ ကစားသမားတွေကတော့ မကြာသေးခင် စစ်ဆေးခဲ့တဲ့ COVID-19 ဆေးစစ်မှု အောင်မြင်မှ ပွဲကစားခွင့်ရမှာပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top