ရဲအရာရှိကြောင့် သေဆုံးခဲ့တဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက်ရဲ့ ဈာပနစရိတ်ကို မေဝယ်သာ ကုန်ကျခံမယ်

3-6-2020-yyl-030.jpg

ရဲအရာရှိကြောင့် သေဆုံးခဲ့ရတဲ့ အမေရိကန် လူမည်းအမျိုးသား ဂျော့ဖလွိုက်ရဲ့ ဈာပနစရိတ်ကို ကျခံပေးမယ်လို့ ဝိတ်တန်း ၅ တန်းရဲ့ ချန်ပီယံဟောင်း မေဝယ်သာက ကမ်းလှမ်းခဲ့ပါတယ်။ အသက် ၄၆ နှစ်ရှိတဲ့ လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက်ဟာ စတိုးဆိုင်မှာ ပိုက်ဆံအတု အသုံးပြု ဝယ်ယူခဲ့တယ်လို့ သံသယရှိတဲ့အတွက် ဖမ်းဆီးခံခဲ့ရပြီး ရဲအရာရှိက သူ့ဇက်ကို ဒူးနဲ့ထောက်ထားခဲ့လို့ သေဆုံးခဲ့တာပါ။

အဲဒီဖြစ်ရပ်အတွက် လူဖြူရဲအရာရှိ ချော်ဗင်ကို တတိယအဆင့် လူသတ်မှုနဲ့ စွဲချက်တင်ဖမ်းဆီးထားပေမဲ့ လူမျိုးရေးခွဲခြားမှု၊ ရဲတပ်ဖွဲ့ရဲ့ အင်အားသုံး နှိမ်နင်းမှုကို မကျေနပ်ကြလို့ အမေရိကန်နိုင်ငံတစ်ဝန်းမှာ ဆူပူအုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပွားနေပါတယ်။ ဂျော့ဖလွိုက်အတွက် ဈာပနစရိတ် ကုန်ကျခံပေးမယ်ဆိုတဲ့ မေဝယ်သာရဲ့ ကမ်းလှမ်းမှုကို သူ့မိသားစုက လက်ခံခဲ့တယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။ မေဝယ်သာဟာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း စိတ်ကောင်းစေတနာရှိမှုကို ဖော်ပြတဲ့ အခုလိုလုပ်ရပ်မျိုးတွေ လုပ်ခဲ့ဖူးတယ်လို့ Mayweather Promotions ရဲ့ အမှုဆောင်ချုပ် အယ်လာဘီက ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top